KIA အဖွဲ့၏ နှစ်ကြိမ်ဆက် ဖမ်းဆီးခံရသူ မောင်သိန်းဇော်က KIA ထံတွင် မပျော်ကြောင်း အမဖြစ်သူ မခင်ယုံထံဆီသို့
စာရေးသား ပေးပို့လာခဲ့ပါတယ်။ မောင်သိန်းဇော်ရဲ့ အမဖြစ်တဲ့ မခင်ယုံကတော့ “
KIA အဖွဲ့၏ စစ်သားစုဆောင်းတဲ့အနေနဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းအပေါ်
မကောင်းမြင်တာပဲ၊ သူများမိသားစု ပြိုကွဲအောင် သူတို့လုပ်တယ်၊
သူတို့စီးပွားရေးအတွက် ခုတုံးလုပ်ပြီးတော့ ကျွန်မတို့ကို ရိက္ခာတွေဘာတွေလည်း
ထောက်ပံ့ခိုင်းတယ်၊ သူတို့နဲ့
အဆက်အသွယ်လည်း မလုပ်ချင်ဘူး၊ ပေးလည်း
မပေးချင်ဘူး၊ ကျွန်မတို့မောင်ကို ကျွန်မတို့ ပြန်လိုချင်တယ်ရှင့်” လို့
ဝမ်းနည်းကြေကွဲစွာနဲ့ ပြောဆိုပါတယ်။ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ဆင်ဘိုမြို့၊ ဧရာဦးရပ်ကွက်နေ မောင်သိန်းဇော် အသက်(၂၅)နှစ်၊ (အဘ-ဦးဖြိုးအောင်+အမိ-ဒေါ်မဲတူ)ကွယ်လွန်၊ ၁/ဆဘန(နိုင်)၀၀၁၁၇၁ ကို (၁၀၊၁၁၊၂၀၁၁)နေ့တွင် နမ့်ထွတ်လယ်ကွင်း၌ စပါးရိပ်သိမ်းနေစဉ် KIA တပ်ရင်း(၅)သို့ ဦးလှဝမ်ဦးဆောင်သော KIA အဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရတာပါ၊ KIA ဖမ်းဆီးခံရပြီးနောက် လေးငါးခြောက်ရပ်အကြာ ပြန်လည်ထွက်ပြေးလာစဉ် ဆယ်မိုင်လယ်ကွင်းမှာ ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။
ရုပ်သံမေးမြန်းချက် အပြည့်အစုံကို မောင်သိန်းဇော်ရဲ့ အမဖြစ်သူ မခင်ယုံနဲ့ တွေ့ဆုံမေးမြန်း ထားပါတယ်။
ဧရာဝတီမြစ်ဖျားဆီက
0 comments:
Post a Comment