ဖူကူရှီးမားတဝိုက်က
ဒေသခံအယောက်ပေါင်း ၁၄၀၀၀၀ ဟာ ခုချိန်ထိ ယာယီနေရာထိုင်ခင်းတွေမှာ
နေထိုင်နေရဆဲဖြစ်ပေမယ့် ဧပြီလ တစ်ရက်နေ့ကစပြီး လူအယောက် ၃၅၀ ဟာ
အဲဒီဒေသက Tamura မြို့မှာ ပြန်လည်နေထိုင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် တချို့လူတွေကတော့ အဲဒီဒေသက မြေဆီလွှာထဲမှာ ရေဒီယိုဓာတ်သတ္တိတွေ ရှိနေသေးတဲ့အတွက် ပြန်သင့်မသင့် စဉ်းစားနေကြပါတယ်။
ဂျပန်အစိုးရကတော့
ရေဒီယို ဓာတ်သတ္တိတွေရှိပေမယ့် အများကြီးမရှိတော့ပဲ လူအတွက်
အန္တရာယ်ကင်းတဲ့ အဆင့်ရောက်သွားပြီလို့ ပြောဆိုနေတဲ့အကြောင်း
အေဘီစီ သတင်းထောက် Matthew Carney က တိုကျိုမြို့ကနေ
သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
0 comments:
Post a Comment