မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲထားသည့်
သတင်းမီဒီယာဥပဒေကြမ်းကို အမျိုးသား လွှတ်တော်နှင့်ပြည်သူ့လွှတ်တော်တို့
သဘောထားကွဲလွဲသည့် အရေးယူမှုဆိုင်ရာ ပြဋ္ဌာန်းချက် တစ်ခုကို
ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပြီး မကြာမီ အတည်ပြုတော့မည်ဟု ဖေဖော်ဝါရီလ
၎ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်က ဆုံးဖြတ်လိုက်သည်။
လွှတ်တော်နှစ်ရပ်အကြားရှိ သတင်းမီဒီယာ ဥပဒေကြမ်းတွင် “ပြစ်မှုတစ်ခုခုဖြင့် အရေးယူခံရသည့် သတင်းစာ/ဂျာနယ်တိုက်ရှိ မီဒီယာပစ္စည်းများကို သိမ်းဆည်းပါက ဥပဒေနှင့်အညီ ဆောင်ရွက်ရန်” ဟု ပြဋ္ဌာန်းပါရှိသည်။
ယင်းပုဒ်မ၏ မူလပြဋ္ဌာန်းချက် အပြည့်အစုံမှာ “ဥပဒေအရ တားမြစ်ပိတ်ပင်ပြီး ပြစ်မှုဖြင့် အရေးယူခံရသည့် သတင်းစာ၊ ဂျာနယ်၊ စာစောင်စသည့် မီဒီယာဆိုင်ရာ ပစ္စည်းများကို ရှာဖွေသိမ်းဆည်းရာတွင် ပြစ်မှုဆိုင် ရာ ကျင့်ထုံးဥပဒေနှင့်အညီ ဆောင်ရွက်ရမည်” ဟု ပါရှိသည်။
ယင်းပုဒ်မကို မူလပြဋ္ဌာန်းချက်အတိုင်းထားရန် အမျိုးသားလွှတ်တော်၏ ဥပဒေကြမ်းကော် မတီနှင့် အမျိုး သားလွှတ်တော်က သဘောတူသော်လည်း ပြည်သူ့လွှတ်တော်ဘက်မှ ပယ်ဖျက်ရန် သဘောတူထားသည့်အတွက် ပြည်ထောင်စုလွှတ်တော်တွင်ဆွေးနွေး အတည်ပြုရန် ဖေဖော်ဝါရီ ၄ရက်တွင် အမျိုးသား လွှတ်တော်က ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။
အဆိုပါပုဒ်မနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှအတွင်းရေးမှူး ဦးကျော်မင်းဆွေ က မီဒီယာပစ္စည်းများကို လာရောက်သိမ်းဆည်းပါက ဥပဒေနှင့် အညီဖြစ်စေရန် ဥပဒေပညာရှင်များ နှင့် ညှိနှိုင်းပြီး ထည့်သွင်းထားခြင်းဖြစ်ပြီး ပြည်သူ့ လွှတ်တော်က မည်သည့်အတွက်ကြောင့် ပယ်ဖျက်ချင်သည် ကို နားမလည်နိုင်ဟု မဇ္ဈိမကို ပြောသည်။
၎င်းက “ဥပဒေနဲ့အညီဖြစ်ဖို့ပေါ့ဗျာ။ အရင်အစိုးရလက်ထက်က ပုံနှိပ်စက်တွေကို ရှာဖွေဖမ်းဆီးပုံစံမပါဘဲ ဖမ်းတဲ့အခါကျတော့ အမှုအခင်းပြီးလို့ ပစ္စည်းပြန်အပ်တဲ့အခါ ပစ္စည်းဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေ ရှိတယ်။ ပြည် သူ့လွှတ်တော်က ဘာကြောင့်ပယ်ဖျက်တယ် ဆိုတာ စဉ်းစားလို့မရဘူး။ ကြိုက်သလို သိမ်းလို့ရတယ်ဆို တဲ့သဘော သက်ရောက်မှာပေါ့” ဟု ဆိုသည်။
ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည့်ရက် အတိအကျကို ကြေညာထားခြင်း မရှိသေးသော်လည်း မူလပြဋ္ဌာန်းချက်အတိုင်းထားရန်ဆွေးနွေးမည်ဟု သင်္ကန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။
Mizzima
0 comments:
Post a Comment