နှာခါင်းစည်း(Mask)တပ်ပြီး ဆိုင်ကယ်စီးနင်းပါက ဖမ်းဆီး
မည်ဆိုသည်မှာမဟုတ်မှန်ကြောင်း အကြံပေးခြင်းသာဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးဇော်မင်း ဦးက
ပြောသည်။
မန္တလေးမြို့တွင်ဆိုင်ကယ်စီးနင်းပြီးလုယက်မှုတွေ များလာသော ကြောင့် ဆိုင်ကယ်စီးရင် နှာခေါင်းစည်း(Mask)တပ်ဆင်သွားပါက ဖမ်းဆီးမည်ဆိုသည့်အသံများထွက်ပေါ်နေသည်မှာ
မဟုတ်ကြောင်း၊ သို့သော်ထိုသို့
နှာခေါင်းစီး(Mask)တပ်ဆင်ကာ မောင်းနှင်သောသူ များ
မိမိဆိုင်ကယ်အနီးမောင်းနှင်လာပါက ဂရုစိုက်မိစေရန် အကြံ
ပေးထားခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။မန္တလေးမြို့တွင်ဆိုင်ကယ်စီးနင်းပြီးလုယက်မှုတွေ များလာသော ကြောင့် ဆိုင်ကယ်စီးရင် နှာခေါင်းစည်း(Mask)တပ်ဆင်သွားပါက ဖမ်းဆီးမည်ဆိုသည့်အသံများထွက်ပေါ်နေသည်မှာ
''ဒုစရိုက်မှုကျူးလွန်တဲ့သူတွေက နှာခေါင်းစည်းတပ်ထားပြီး သူတို့ရဲ့ မျက်နှာကို ဖုံးကွယ်ထားကြတယ်။ ဒါကြောင့်သတိပြုဖို့ပဲ ပြောတာပါ။ ဖမ်းမယ်ဆိုပြီးပြောရအောင် ယာဉ် စည်းကမ်း၊ လမ်းစည်း ကမ်းမှာလဲ မပါပါဘူး။ ကျန်းမာရေးအတွက် အသုံးပြုတဲ့သူတွေလဲ ရှိတဲ့ အတွက် ဖမ်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး''လို့ ဦးဇော်မင်းဦးက ပြောသည်။
ထို့ပြင် ၄င်းတို့အနေဖြင့် လုယက်မှုကျဆင်းရေးအတွက် ဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့နေရာ များနှင့်ဖြစ် ပွားနိုင်သောနေရာများတွင် လှည့်ကင်း၊ ပတ်ကင်းများကို အရပ်ဝတ်များဖြင့်စောင့်ကြည့်ခြင်း၊ ရဲအရာရှိများက အယောင်ဆောင်ဝတ်ဖြင့် ဒုစရိုက်ကျူးလွန်သည့် နေရာများတွင် သွားလာ မှုများပြုလုပ်နေကြောင်း သိရသည်။
The Union Daily
0 comments:
Post a Comment