Wednesday, February 26, 2014

လူသား ယာဉ်ထိန်းရဲနေရာမှာ အခုတော့ စက်ရုပ် ယာဉ်ထိန်းရဲတွေ နေရာဝင်ယူဖို့ အတွက် ပြင်ဆင်မှုတွေ စတင်နေပါ ပြီ။

Photo: လူသား ယာဉ်ထိန်းရဲနေရာမှာ အခုတော့ စက်ရုပ် ယာဉ်ထိန်းရဲတွေ နေရာဝင်ယူဖို့ အတွက် ပြင်ဆင်မှုတွေ စတင်နေပါ ပြီ။
Wednesday, February 26, 2014 

လူဦးရေ အလွန်သိပ်သည်းများပြားတဲ့ မြို့ကြီးတွေမှာ ယာဉ်သွားယာဉ်လာ၊ လမ်းဖြတ်ကူး မယ့် လူတွေကို ထိန်းညှိပေးတဲ့ လူသား ယာဉ်ထိန်းရဲတွေနေရာမှာ စက်ရုပ်ယာဉ်ထိန်းရဲတွေကို အစားထိုးနိုင်ဖို့ အခုတော့ အသုံးပြုလို့ရပြီးဆိုတဲ့ အကြောင်း စီအန်အန် သတင်းတပုဒ်က
ဖော်ပြလာပါတယ်။ အခုဆို ကွန်ဂို ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံမြို့တော် ကင်ရှာဆာမြို့ရဲ့ အလွန်ပဲ ယာဉ်သွားယာဉ်လာ ရှုပ်ထွေးတဲ့ နေရာ၂ ခုမှာ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ လမ်းသွားလမ်းလာလုံခြုံရေးတွေအတွက် စက်ရုပ် ယာဉ်ထိန်းရဲ ၂ ခုကို စတင်စမ်းသပ် ထားရှိပါတယ်။

ဒီကင်ရှာဆာမြို့တော်ဟာ လူဦးရေ ၁၀ သန်းကျော်နေထိုင်တဲ့ မြို့ကြီးတမြို့လည်းဖြစ်တာနဲ့ အညီ အခုလို စက်ရုပ် ယာဉ်ထိန်းရဲ တပ်ဆင်ထားရှိလိုက်လို့ မတော်တဆ ယာဉ်တိုက်မှု
မျိုးတွေ လျော့ကျသွားမယ်လို့ ရည်ရွယ်ပြီး အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ ကွန်ဂိုနိုင်ငံရဲ့ လမ်းလုံခြုံရေး အမျိုးသား ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ Vale Ganga Wilma က စီအန်အန်ကို
ပြောဆိုထားပါတယ်။ “ဒါက လမ်းခရီးလုံခြုံရေးအတွက် စမ်းသစ်တီထွင်မှုတခုပါ” လို့သူက
ပြောပါတယ်။ အထူးသဖြင့် ရုံးတက်၊ ရုံးဆင်း၊ ကျောင်းတက်၊ ကျောင်းဆင်းချိန်တွေဟာ ယာဉ်ကြောပိတ်ဆို့မှုတွေ အလွန်ဖြစ်ပြီး ယာဉ်အန္တရာယ် လည်းများတာကြောင့် ဒါဟာ ကြီးမားတဲ့ ပြဿနာကြီးတခုလည်းဖြစ်နေလို့ အခုလို စက်ရုပ် ယာဉ် ထိန်းရဲ နဲ့ဆိုရင် မြို့တော်လမ်းလုံခြုံရေးဟာ ပိုပြီး လွယ်ကူချောမွေ့လာမယ့်လို့ သူက ဆက်ပြောထားပါတယ်။

အခုစက်ရုပ်ယာဉ်ထိန်းရဲက အရပ် ၈ ပေမြင့်ပြီး ၂၄ နာရီအချိန်ပြည့် တာဝန်လည်း ထမ်းဆောင်နိုင်ကာ ဘယ်လောက် ဝေးတဲ့ယာဉ်မျိုးကိုမဆို မြင်နိုင်စွမ်းရှိပြီး နေရောင်ခြည်
စွမ်းအင်စနစ်နဲ့ လည်ပတ်မောင်းနှင်ထားတဲ့ စက်ရုပ်ဖြစ်ပါတယ်တဲ့။ သူက မီးနီ၊ မီးဝါ၊ မီးစိမ်းတွေကိုလည်းပြသပေးမှာဖြစ်သလို လူသားယာဉ်ထိန်းရဲတွေလို လက်ပြပြီးလမ်းချိုးပေးနိုင်
ကာ လမ်းဖြတ်ကူးမယ့်သူတွေအတွက်လည်း စကားပြောနိုင်အောင် အစီအစဉ် ထည့်သွင်းထားတာဖြစ်ပါတယ်တဲ့။ ဒီစက်ရုပ် ယာဉ်ထိန်းရဲကို သူတို့ လမ်းလုံခြုံရေးဋ္ဌာနက အင်ဂျင်နီယာအဖွဲ့တခုက နည်းပညာ၊ ဒီဇိုင်းတွေ ဆန်းသစ် တီထွင်ထုတ်လုပ်လိုက်တာဖြစ်ပြီး အဲဒီအင်ဂျင်နီယာအဖွဲ့ကိုတော့ WITECH ONG လို့ အမည် မှည့်ခေါ်ထားပါတယ်တဲ့။

ဒီအတိုင်းဆိုရင်တော့ အနာဂတ်ကာလတခုမှာ ယာဉ်ထိန်းရဲတွေ အလုပ်လက်မဲ့ဖြစ်တော့မလား ဆိုပြီး တွေးပူစရာတော့ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ လွန်ခဲ့တဲ့
နှစ်တွေတုန်းက အီရတ်နဲ့ အာဖဂန်စစ်မြေပြင်တွေမှာ စက်ရုပ် စစ်သားတွေကို စမ်းသပ်အသုံးပြုခဲ့တာမျိုးလည်း ရှိလေတော့ နောင်တချိန်မှာ လူသား စစ်သား၊ ယာဉ်ထိန်း ရဲတွေအစား စက်ရုပ် စစ်သား၊ စက်ရုပ်ယာဉ်ထိန်းရဲတွေက နေရာယူလာဖို့ ရှိလာနိုင်ပါတယ်။

ဧရာဝတီ
လူဦးရေ အလွန်သိပ်သည်းများပြားတဲ့ မြို့ကြီးတွေမှာ ယာဉ်သွားယာဉ်လာ၊ လမ်းဖြတ်ကူး မယ့် လူတွေကို ထိန်းညှိပေးတဲ့ လူသား ယာဉ်ထိန်းရဲတွေနေရာမှာ စက်ရုပ်ယာဉ်ထိန်းရဲတွေကို အစားထိုးနိုင်ဖို့ အခုတော့ အသုံးပြုလို့ရပြီးဆိုတဲ့ အကြောင်း စီအန်အန် သတင်းတပုဒ်က
ဖော်ပြလာပါတယ်။ အခုဆို ကွန်ဂို ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံမြို့တော် ကင်ရှာဆာမြို့ရဲ့ အလွန်ပဲ ယာဉ်သွားယာဉ်လာ ရှုပ်ထွေးတဲ့ နေရာ၂ ခုမှာ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ လမ်းသွားလမ်းလာလုံခြုံရေးတွေအတွက် စက်ရုပ် ယာဉ်ထိန်းရဲ ၂ ခုကို စတင်စမ်းသပ်
ထားရှိပါတယ်။

ဒီကင်ရှာဆာမြို့တော်ဟာ လူဦးရေ ၁၀ သန်းကျော်နေထိုင်တဲ့ မြို့ကြီးတမြို့လည်းဖြစ်တာနဲ့ အညီ အခုလို စက်ရုပ် ယာဉ်ထိန်းရဲ တပ်ဆင်ထားရှိလိုက်လို့ မတော်တဆ ယာဉ်တိုက်မှု
မျိုးတွေ လျော့ကျသွားမယ်လို့ ရည်ရွယ်ပြီး အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ ကွန်ဂိုနိုင်ငံရဲ့ လမ်းလုံခြုံရေး အမျိုးသား ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ Vale Ganga Wilma က စီအန်အန်ကို
ပြောဆိုထားပါတယ်။ “ဒါက လမ်းခရီးလုံခြုံရေးအတွက် စမ်းသစ်တီထွင်မှုတခုပါ” လို့သူက
ပြောပါတယ်။ အထူးသဖြင့် ရုံးတက်၊ ရုံးဆင်း၊ ကျောင်းတက်၊ ကျောင်းဆင်းချိန်တွေဟာ ယာဉ်ကြောပိတ်ဆို့မှုတွေ အလွန်ဖြစ်ပြီး ယာဉ်အန္တရာယ် လည်းများတာကြောင့် ဒါဟာ ကြီးမားတဲ့ ပြဿနာကြီးတခုလည်းဖြစ်နေလို့ အခုလို စက်ရုပ် ယာဉ် ထိန်းရဲ နဲ့ဆိုရင် မြို့တော်လမ်းလုံခြုံရေးဟာ ပိုပြီး လွယ်ကူချောမွေ့လာမယ့်လို့ သူက ဆက်ပြောထားပါတယ်။

အခုစက်ရုပ်ယာဉ်ထိန်းရဲက အရပ် ၈ ပေမြင့်ပြီး ၂၄ နာရီအချိန်ပြည့် တာဝန်လည်း ထမ်းဆောင်နိုင်ကာ ဘယ်လောက် ဝေးတဲ့ယာဉ်မျိုးကိုမဆို မြင်နိုင်စွမ်းရှိပြီး နေရောင်ခြည်
စွမ်းအင်စနစ်နဲ့ လည်ပတ်မောင်းနှင်ထားတဲ့ စက်ရုပ်ဖြစ်ပါတယ်တဲ့။ သူက မီးနီ၊ မီးဝါ၊ မီးစိမ်းတွေကိုလည်းပြသပေးမှာဖြစ်သလို လူသားယာဉ်ထိန်းရဲတွေလို လက်ပြပြီးလမ်းချိုးပေးနိုင်
ကာ လမ်းဖြတ်ကူးမယ့်သူတွေအတွက်လည်း စကားပြောနိုင်အောင် အစီအစဉ် ထည့်သွင်းထားတာဖြစ်ပါတယ်တဲ့။ ဒီစက်ရုပ် ယာဉ်ထိန်းရဲကို သူတို့ လမ်းလုံခြုံရေးဋ္ဌာနက အင်ဂျင်နီယာအဖွဲ့တခုက နည်းပညာ၊ ဒီဇိုင်းတွေ ဆန်းသစ် တီထွင်ထုတ်လုပ်လိုက်တာဖြစ်ပြီး အဲဒီအင်ဂျင်နီယာအဖွဲ့ကိုတော့ WITECH ONG လို့ အမည် မှည့်ခေါ်ထားပါတယ်တဲ့။

ဒီအတိုင်းဆိုရင်တော့ အနာဂတ်ကာလတခုမှာ ယာဉ်ထိန်းရဲတွေ အလုပ်လက်မဲ့ဖြစ်တော့မလား ဆိုပြီး တွေးပူစရာတော့ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ လွန်ခဲ့တဲ့
နှစ်တွေတုန်းက အီရတ်နဲ့ အာဖဂန်စစ်မြေပြင်တွေမှာ စက်ရုပ် စစ်သားတွေကို စမ်းသပ်အသုံးပြုခဲ့တာမျိုးလည်း ရှိလေတော့ နောင်တချိန်မှာ လူသား စစ်သား၊ ယာဉ်ထိန်း ရဲတွေအစား စက်ရုပ် စစ်သား၊ စက်ရုပ်ယာဉ်ထိန်းရဲတွေက နေရာယူလာဖို့ ရှိလာနိုင်ပါတယ်။

ဧရာဝတီ

0 comments:

Post a Comment