
ကယ်လီဖိုးနီးယားတစ်နေရာတွင် နေထိုင်သည် အမည်မဖော်လိုသူ လင်မယား(၂)ယောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ တွေ့ရှိခဲ့ရာ ဒေါ်လာ ၁၀ သန်း ရရှိခဲ့ကြောင်း သိရသည်။
အမည်မဖော်လိုသူ ဇနီးမောင်နှံသည် လွန်ခဲ့သည့် ၁ နှစ်ခန့်က အိမ်မွေးခွေးကလေးနှင့် လမ်းလျှောက်ထွက်ကြရာမှ အရောင်ထွက်နေသည့် မြေကြီး တစ်နေရာကို တွေ့ရှိခဲ့ကြောင်း၊
၅ ဒေါ်လာ၊ ၁၀ ဒေါ်လာ၊ ဒေါ်လာ ၂၀ အစရှိသည့် ရွှေဒင်္ဂါးပြားများ ထည့်သွင်း ထားသည့် မြေအိုး ၈ အိုးကို တွေ့ရှိခဲ့ကြောင်း၊ ၄င်းတို့မှာ တစ်စုံတစ်ဦးက မြုပ်နှံ ထားခဲ့ခြင်း ဖြစ်နိုင်ပြီး မည်သူ့ကိုမျှ အသိမပေးနိုင်ဘဲ ကွယ်လွန်သွားခဲ့ရာမှ ယခုကဲ့သို့ မြေကြီးအတွင်း ရှိနေခြင်း ဖြစ်နိုင်ကြောင်း သိရှိရသည်။
ဤတွေ့ရှိမှုမှာ အမေရိကန်သမိုင်းတစ်လျှောက် အများဆုံး တွေ့ရှိရသော ဒင်္ဂါးပြားများ ဖြစ်ကြောင်း သိရသည်။
P-84307-03
ပြည်သူ့အာဏာ
0 comments:
Post a Comment