
ဖေဖော်ဝါရီလ ၂၆ရက်နေ့ နံနက် (၁: ၁၅)နာရီ အချိန်တွင် ပဲခူးမြို့နယ် "
သီရိဥဿာဈေး" ၏ အောက်ထပ်တွင် မီးလောင်ခဲ့ရာငွေကျပ်သိန်း၄၅၀ဖိုးခန့်
ဆုံးရှံးကြောင်းပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှသိရသည်။
ဈေးမိန်းခုံမှသွယ်တန်းထားသောလုံခြုံရေးမီးလိုင်းမှ
အပူလွန်ကဲပြီးမီးလောင်ရခြင်းဖြစ်ကြောင်း၊မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း
၉၄ခန်းနှင့် အပေါ်ထပ်ရှိမစ်ကီးမောက် ကလေးကစားကွင်းမျကိနှာကျက်
မီးလောင်ခဲ့ကြောင်းMRTVမှသိရသည်။
ပဲခူးမြို့နယ် မီးသတ်စခန်းမှ
မီးငြိမ်းသတ်ယာဉ် (၅)စီး၊ ရေသယ်ယာဉ် (၁)စီး၊ အထောက်အကူပြုယာဉ် (၁)စီး၊
သနပ်ပင်၊ ဝေါ၊ ဘုရားကြီး၊ လှည်းကူး၊ ထောက်ကြန့်၊
မင်္ဂလာဒုံမြို့နယ်မှ
မီးငြှိမ်းသတ်ယာဉ် (၆)စီး စုစုပေါင်း (၁၃)စီးဖြင့် သန္ဓေတပ်ဖွဲ့ဝင် (၆၀)ဦး၊
အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး၊ စုစုပေါင်း (၁၁၀)ဦးတို့အား ပဲခူးတိုင်း
ဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး သက်ထွန်း၊
စည်ပင်သာယာရေး ၀န်ကြီး ဦးရဲမြင့်ထွန်း၊ အောက်မြန်မာပြည် ညွှန်ကြားရေးမှူး
ဦးအောင်ကျော်မြင့်၊ တိုင်းမီးသတ်ဦးစီးဌာနမှူး ရဲသူရိန်လှမြင့်တို့၏
ဦးဆောင်မှုဖြင့် ဈေးမှ မီးသတ်ဆေးဘူး (၂၀)ဘူးဖြင့် လည်းကောင်း၊ ရေဂါလံ
(၁၃၂၀၀)တို့ကို အသုံးပြု ငြှိမ်းသတ်ရာ (၂: ၃၅)နာရီအချိန်တွင် မီးထိန်းပြီး
ရေဂါလံ (၁၀၀၀၀) အသုံးပြု၍ ငြှိမ်းသတ်ရာ (၃: ၄၅)နာရီအချိန်တွင်
မီးငြှိမ်းနိုင်ခဲ့ကြောင်းသိရသည်။
၀၅၁
Popular Myanmar News Journal
0 comments:
Post a Comment