အန်ဒူလာစီယာဒေသအခြေစိုက် မာမိုလ်အသင်းနှင့် လာကနေဒါတို့ ပွဲစဉ်တွင် ကွင်းလယ်ဒိုင်၏ဆုံးဖြတ် ချက်များကိုမကျေနပ်သည့်အတွက်ခွေးဖြင့်ပစ်ပေါက်ခဲ့သည့် ပရိသတ် ကို ပါချီနာတရားရုံးမှ ၁၆၅ ပေါင် ဒဏ်ငွေချမှတ်ခဲ့ကြောင်းစပိန်အခြေ စိုက် အယ်လ်မန်ဒိုသတင်းစာမှဖော် ပြခဲ့သည်။
တစ်ဂိုးစီသရေကျနေချိန် တွင် ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက် အပေါ် နှစ်ဖက်အသင်း ကစား သမားများက ဝိုင်းဝန်းကန့်ကွက်ခဲ့ ကြပြီး ပွဲကြည့်စင်ဘက်ခြမ်းသို့ ကွင်းလယ်ဒိုင်လမ်းလျှောက်လာချိန် တွင် အဆိုပါအမျိုးသားက ၄င်း၏ ဘေးတွင်ထိုင်နေသည့်
ပရိသတ် တစ်ဦးပိုင်ဆိုင်သောရော့ခ်ရှိုင်းယား တယ်လီယာခွေးငယ်ဖြင့် ဒိုင်ကိုပစ် ပေါက်ခဲ့ခြင်းဖြစ်သည်။တစ်ဂိုးစီသရေကျနေချိန် တွင် ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက် အပေါ် နှစ်ဖက်အသင်း ကစား သမားများက ဝိုင်းဝန်းကန့်ကွက်ခဲ့ ကြပြီး ပွဲကြည့်စင်ဘက်ခြမ်းသို့ ကွင်းလယ်ဒိုင်လမ်းလျှောက်လာချိန် တွင် အဆိုပါအမျိုးသားက ၄င်း၏ ဘေးတွင်ထိုင်နေသည့်
ယင်းအတွက် အဆိုပါအမျိုး သားကို ဘောလုံးပွဲတာဝန်ရှိသူများနှင့် ခွေးပိုင်ရှင်တို့က တရားစွဲဆို ခဲ့ကြသည်။ ခွေးငယ်ဂူဖီမှာ အမြင့် လေးပေထက်မှ ပစ်ချခံခဲ့ရသော် လည်း ဒဏ်ရာပြင်းထန်စွာမရရှိခဲ့ သည့်အတွက် အဆိုပါအမျိုးသား အနေဖြင့် တိရစ္ဆာန်ညှဉ်းပန်းနှိပ် စက်မှုဖြင့် ထောင်ဒဏ်တစ်နှစ်ကျ ခံရမည့် ပြစ်ဒဏ်မှလွတ်မြောက်ခဲ့ ပြီး ယခုအခါတွင် ဂူဖီအတွက်ဆေး ကုသစရိတ်၊ တရားစရိတ်စသည် တို့သာ ပေးချေခဲ့ရသည်။
The Union Daily
0 comments:
Post a Comment