Wednesday, February 26, 2014

ဗီယက်နမ်တွင် တံတားဟောင်း တစ်ခုပြိုကျ လူခုနစ်ဦး သေဆုံး

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် ဈာပန အခမ်းအနားသို့ လိုက်ပါ ပို့ဆောင်သူ များသည် မသွားရန် တားမြစ်ထားသည့် တံတား တစ်ခုပေါ်မှ ဖြတ်သန်း ခဲ့ခြင်းကြောင့် အဆိုပါ တံတား ပြိုကျခဲ့ရာ လူခုနစ်ဦး သေဆုံးပြီး အခြား ၃၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။


လိုင်ချာအူ ပြည်နယ် တန်ဒူအွန်း ခရိုင်ရှိ အဆိုပါ တံတားဟောင်း၏ အနား တစ်ဖက်မှ သံကြိုးများ ပြတ်ကျမှုကြောင့် ဈာပန အခမ်းအနားသို့ လိုက်ပို့သူ များသည် ၆၅ ပေ (မီတာ ၂ဝ) ခန့်အနက်ရှိသည့် ကျောက်ဆောင်ပေါ်သို့ ပြုတ်ကျခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများ အနက် ၂၃ ဦးမှာ စိုးရိမ်ရကြောင်း ရဲအရာရှိ တစ်ဦးဖြစ်သူ ဖွန်ကွမ်တူ ယင်က ပြောကြားခဲ့သည်။

မြ၀တီ

0 comments:

Post a Comment