ယာဉ်မတော်တဆ ဖြစ်ရခြင်း အကြောင်းရင်းများတွင် ယာဉ်ကို ကျွှမ်းကျင်စွာ မောင်းနင်တတ်သော်လည်း ယာဉ်မောင်းသူ စည်းကမ်းပျက်မူကြောင့် (၉၃ ဒသမ ၇၇) ရာခိုင်နုန်း ဖြစ်ပွားကြောင်း တွေ့ ရှိရသဖြင့် စည်းကမ်းပျက်ယာဉ်မောင်းများအား ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရန် (၁၉၆၄)ခုနစ် မော်တော်ယာဉ် ဥပဒေနင့် (၁၉၈၉) ခုနစ် မော်တော်ယာဉ်နည်းဥပဒေတို့ အား ခေတ်စနစ်နင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲပြဌာန်းရန် ဆောင်ရွှက်လျှက်ရှိသည်ဟု ရထားပို့ ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးချန်မောင်က ဖေဖော်ဝါရီ(၁၉)ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
ယာဉ်မတော်တဆ တိုက်မူများနင့် ပတ်သတ်၍ စနစ်တကျ လေ့လာသုံးသပ်မူ ၊ လိုအပ်သည့် နည်းဥပဒေများ ၊ စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်မူ နင့် စပ်လျှဉ်း၍ သီပေါမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း၏ မေးမြန်းမူကို ယင်းသို့ ရှင်းလင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
ရထားပို့ ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးချန်မောင်က (၂၀၁၃)ခုနစ်အတွက် ပြုစုထားရှိသော နစ်ချုပ်အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ယာဉ်မတော်တဆဖြစ်မူအခြေအနေမှာ ယာဉ်တိုက်မူ (၁၃၉၁၂)မူ ၊ ဒဏ်ရာရမူ(၂၃၃၇၈)ဦး ၊ သေဆုံးမူ(၃၇၂၁)ဦး ရှိကြောင်း ယာဉ်တိုက်မူဖြစ်ရခြင်း အကြောင်းရင်းများကို သုံးသပ်ရာတွင် ယာဉ်မောင်း စည်းကမ်းပျက်မူ (၉၃ ဒသမ ၇၇)ရာခိုင်နုန်း ၊ လမ်းကူးပေါ့ဆမူ (၄ ဒသမ ၄၈)ရာခိုင်နုန်း ၊ ယာဉ်ချို့ ယွင်းမူ (၁ ဒသမ ၄၅)ရာခိုင်နုန်း ၊ လမ်းချို့ ယွင်းမူ (၀ ဒသမ ၂၈)ရာခိုင်နုန်းနင့် ရာသီဥတုကြောင့် (၀ ဒသမ ၀၂)ရာခိုင်နုန်း ဖြစ်ကြောင်း သုံးသပ်တွေ့ ရှိရသကဲ့သို့ ယာဉ်အမျိုးအစားအလိုက် ဖြစ်ပွားခဲ့မူမှာ လူစီးယာဉ်(၁၇ ဒသမ ၈၄)ရာခိုင်နုန်း ၊ ကုန်တင်ယာဉ် (၁၁ ဒသမ ၄၇)ရာခိုင်နုန်း ၊ ခရီးသည်တင်ယာဉ် (၆ ဒသမ ၄၈)ရာခိုင်နုန်း ၊ အခြားယာဉ် (၁ ဒသမ ၁၃)ရာခိုင်နုန်း ၊ နစ်ဘီးတပ်မော်တော်ဆိုင်ကယ် (၄၉ ဒသမ ၉)ရာခိုင်နုန်း ၊ သုံးဘီးယာဉ် (၁ ဒသမ ၇၆)ရာခိုင်နုန်း ၊ ထရော်လာဂျီ (၅ ဒသမ ၇)ရာခိုင်နုန်း ၊ တပ်မတော်ယာဉ် (၀ ဒသမ ၁၉)ရာခိုင်နုန်း ၊ စုံစမ်းဆဲ(၅ ဒသမ ၅)ရာခိုင်နုန်းရှိကြောင်း သုံးသပ်တွေ့ ရှိရပြီး ယာဉ်တိုက်ခိုက်မူ ဖြစ်သော ယာဉ်မောင်းများအား ယာဉ်မောင်းလိုင်စင်ရှိမူ ၊ မရှိမူကို စစ်ဆေးရာတွင် စစ်ဆေးရာတွင် (၅၅ ဒသမ ၄၃)ရာခိုင်နုန်းကျော်သည် ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနင်၍ ယာဉ်တိုက်ခိုက်မူဖြစ်ပွားကြောင်း တွေ့ ရှိရသည်ဟု ဒုတိယ၀န်ကြီး ဦးချန်မောင်က ဖြေကြားခဲ့သည်။
စိုင်းလမင်း
Popular Myanmar News Journal
0 comments:
Post a Comment