မန္တလေးမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်အတွင်း မူးယစ်အထူးတပ်ဖွဲ့မှ သတင်းအရ
မူးယစ်ဆေး ၀ါးသယ် ဆောင်သူများဟု သံသယ ရှိသူများကို ဇန်န၀ါရီလ ၂၄ ရက်နေ့တွင်
ဖမ်းဆီးစစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးနှင့် အတူ ဖမ်းဆီးရမိသူမှာ
စစ်သားစုဆောင်းရေး တပ်မှ တပ်ကြပ်အဆင့်ရှိသူ စစ်မှု ထမ်းတစ်ဦးဖြစ်ကြောင်း
သိရ သည်။
အဆိုပါ မူးယစ်ဖမ်းဆီးမှုဖြစ်စဉ်မှာ ဇန်န၀ါရီလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက မန္တလေးတိုင်း မူးယစ်တပ်ဖွဲ့စု ၁၇ မြောက်ပိုင်းမှ ဒုရဲမှူ ဦးခင်မောင်ဌေးနှင့် အဖွဲ့မှ သတင်းအရ ချမ်းအေးသာစံမြို့ နယ်၊ ကဉ္စနမဟီရပ်ကွက်၊ မီး သတ်ရုံရှေ့ရှိ ၀င်းဝင်းဘီယာဆိုင်ရှေ့၌ စောင့်ဆိုင်းနေစဉ် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်နေ မင်း အောင် (ခ) မိုက်တီးနှင့် ဇနီးဖြစ်သူ မသက်မျိုးအေးတို့အား ရှာဖွေ စစ်ဆေးစဉ် စိတ်ကြွဆေးပါး ၄၉၈၀ ပြား၊ အလေးချိန် ၄၉၈ ခန့်နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မင်းအောင် (ခ) မိုက်တီးမှာ အဆိုပါစိတ်ကြွ ဆေးပြားများအား ခါးကြားအတွင်း မှိုင်းကိုင် စက္ကူဖြင့် လိပ်ထည့်ထား ခြင်းဖြစ်ပြီး ’88′ ’1′ တံဆိပ်ပါ စိတ်ကြွဆေးဝါးများ ဖြစ်သည်။ …
အဆိုပါ စိတ်ကြွဆေးပြားများအား တစ်ထုပ်လျှင် ၂၀၀ ပြားစီပါ ၂၄ ထုပ်၊ ၁၅၀ ပြား တစ်ထုပ်၊ စုစုပေါင်း ၂၅ ထုပ် သီးခြားစီ ထုပ်ထားခြင်းဖြစ်ပြီး အဆိုပါ စိတ်ကြွဆေးများအပြင် GSM Android အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း တစ်လုံး (ဆင်းမ်ကတ်ပါ)နှင့် ဇနီးဖြစ်သူ မသက်မျိုးအေးထံ CDMA Huawei အမျိုးအစား အပြာရောင် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မျိုးအောင် (ခ) မိုက်တီးနှင့် ဇနီးဖြစ်သူတို့အား ဖမ်းဆီးစစ်ဆေးခဲ့ရာမှ မျိုးအောင် ဆိုသူမှာ ရန်ကုန်တိုင်း၊ တညင်း ကုန်း၊ အမှတ် (၁) တပ်မတော် စုဆောင်းရေးတပ်မှ တပ်ကြပ် တစ်ဦးဖြစ်နေပြီး ကိုယ်ပိုင်အမှတ် ကပ-၈၆၀၇၁၀ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
ယင်းတို့နှစ်ဦးမှာ စိတ်ကြွဆေးပြား သယ်ဆောင်ပေးသူအ နေဖြင့် လုပ်ကိုင်ရင်း ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်ကာ ရောင်းချခိုင်းသူ မဘောက်အား (မဖမ်းမိ) သေးကြောင်း၊ ယင်းတို့အား ဒုရဲမှူး ခင်မောင်ဌေးက တရားလိုပြု တိုင်ချက်ဖွင့်ထားရာ အမှတ် (၈) မြို့မရဲစခန်း၌ မယ (ပ)၁/၂၀၁၄ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က)/ ၂၁ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။
မင်းအောင် (ခ) မိုက်တီးမှာ တပ်မတော်သားဖြစ်နေသည့်အ တွက် ၎င်းအား မန္တလေးမြို့၊ အမှတ် ၁၆၁ တပ်မှူး ဗိုလ်မှူး ၀င်းဇော်နိုင်ထံသို့ ဇန်န၀ါရီလ ၂၄ ရက်နေ့ ညနေပိုင်းက လွှဲပြောင်း လိုက်ကြောင်း သတင်းရရှိသည်။
ကျော်ဟိန်း(မန်း)
Myanmartandawsint Newspaper
0 comments:
Post a Comment