
မကွေးတိုင်းဒေသကြီး၊မကွေး ခရိုင်တရားသူကြီးရုံးကဇနီးဖြစ်သူ ကို ဓားဖြင့် ထိုးသတ်သူ ကျော် သန်းကို လူသတ်မှုဖြင့် အလုပ်နဲ့ ထောင်ဒဏ် (၁၀)နှစ်ကျခံစေရန် (၂၀-၂-၂၀၁၄) ရက်နေ့က အမိန့် ချမှတ်လိုက်ပြီဖြစ်ကြောင်းသတင်း ရရှိသည်။
ဖြစ်စဉ်မှာ (၃-၇-၂၀၁၃) ရက် ည(၇း၃၀)အချိန်ခန့်က ရွှေ အိုး(၁)ရပ်ကွက်၊ အပိုင်း (၃) နေ ရာအိမ်မှူး ဦးတင်ဝင်းသည် နေ အိမ်တွင်ရှိနေစဉ် ဦးလေးတစ်ဝမ်း
ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ ညီမတစ်ဝမ်းကွဲတော်စပ်သူ မအေးအေးသင်းကို ဓားဖြင့်ထိုး သတ်သူ ကျော်သန်း (၃၅)နှစ်၊ (ဘ)ဦးထွန်းကြည် ရွှေအိုး (၁) ရပ် ကွက် တောင်တွင်းကြီးမြို့နေသူ ကို ဥပဒေနှင့်အညီ အရေးယူပေး ပါရန် ရာအိမ်မှူး ဦးတင်ဝင်းက တရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့မရဲစခန်းက (ပ)၁၃၄/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရ ထိုနေ့ည (၈း၁၅)အချိန် အမှု ဖွင့်အရေးယူထားပြီး၊ အမှုစစ် ဒုရဲမှူး တင်မောင်ဆွေက အမှုကို ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ခိုင်မာစွာတည်ဆောက်၍ မကွေး ခရိုင်တရားရုံးသို့ ရဲစွဲချက်အမှတ် ၁၃၈/၂၀၁၃ ဖြင့် ၃၀-၇-၂၀၁၃ ရက်က တရားစွဲတင်ပို့ခဲ့ရာ ခရိုင် တရားရုံးက ပြစ်မှုကြီးအမှတ် ၁၉/၂၀၁၃ ဖြင့် လက်ခံကြားနာ စစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် တရားခံ ကျော်သန်းကို ခရိုင် တရားရုံးက ပြစ်မှုပုဒ်မ ၃၀၂ (၂) အရ အလုပ်နှင့် ထောင်ဒဏ်(၁၀) နှစ်ကျခံစေရန် (၂၀-၂-၂၀၁၄) ရက်တွင် အမိန့်ချမှတ်လိုက်ပြီဖြစ် ကြောင်း သတင်းရရှိသည်။
ဟင်္သာ(တောင်တွင်းကြီး)
The Hot News Weekly.
0 comments:
Post a Comment