Saturday, February 22, 2014

ဘို့တစ်လုံး ကုလားအုတ် သားငယ်တစ်ကောင် ဆာဖာရီ ဥယျာဉ် (နေပြည်တော်) တွင် မွေးဖွား

Photo: ဘို့တစ်လုံး ကုလားအုတ် သားငယ်တစ်ကောင် ဆာဖာရီ ဥယျာဉ် (နေပြည်တော်) တွင် မွေးဖွား
Saturday, February 22, 2014

သဘာဝ ပတ်ဝန်းကျင်နှင့် တောရိုင်း တိရစ္ဆာန်များ ပျက်စီးယိုယွင်း မျိုးသုဉ်း ပျောက်ကွယ်ခြင်း ဘေးအန္တရာယ်မှ ကာကွယ်နိုင်စေရန် အတွက် နိုင်ငံတော်က တိရစ္ဆာန် ဥယျာဉ်များ ဖွင့်လှစ်၍ ကာကွယ် ထိန်းသိမ်းမှု များ ပြုလုပ်ပေးလျက်ရှိရာတွင် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက် နှင့်အညီ မြန်မာနိုင်ငံ၏ ပထမဆုံးသော ဆာဖာရီ ဥယျာဉ် (နေပြည်တော်)ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက အများပြည်သူတို့ အပန်းဖြေ ကြည့်ရှု လေ့လာနိုင်ရန် ၂ဝ၁၁ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖွင့်လှစ်ပြသ နိုင်ခဲ့သည်။

မြန်မာနိုင်ငံမှ သာမက ကမ္ဘာ့နိုင်ငံ အချို့ရှိ တောရိုင်း တိရစ္ဆာန်များ၏ သဘာဝ အလျောက် နေထိုင်သွားလာ ကျက်စားပုံများကို တွေ့မြင် ဗဟုသုတ ရစေရန်၊ ကမ္ဘာနှင့် မြန်မာ နိုင်ငံရှိ ရှားပါး၍ မျိုးသုဉ်းရန် အန္တရာယ် ရှိနေသည့် တိရစ္ဆာန် အချို့ကို မျိုးဆက်ပြန့်ပွား နိုင်ရန် အတွက် ထိန်းသိမ်း မွေးမြူသွားရန်နှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဂေဟ စနစ်များကို ပြည်သူများ ပိုမိုသိရှိ နားလည်သဘော ပေါက်စေရန် ရည်ရွယ်၍ ဆာဖာရီ ဥယျာဉ် (နေပြည်တော်)ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

၎င်းဥယျာဉ်တွင် အာဖရိကနှင့် သြစတြေးလျတို့မှ ရှားပါးမျိုးများ ဖြစ်သော သားပိုက်ကောင်၊ သစ်ကုလားအုတ်၊ ကြံ့ဖြူ၊ မြင်းကျား၊ ငှက်ကုလားအုတ်၊ ဘို့တစ်လုံး ကုလားအုတ်၊ ခြင်္သေ့၊ ကျား၊ အာဖရိက သမင် အစ ရှိသော တောရိုင်း တိရစ္ဆာန်များ အပြင် အာရှမှ နွားနောက်၊ ဆတ်၊ ဒရယ်၊ ရွှေသမင်၊ ဒေါင်းအစရှိသော တောရိုင်း တိရစ္ဆာန်တို့ကို ယခင်မြင် တွေ့နေကျဖြစ်သော တိရစ္ဆာန်ဥယျာဉ် များကဲ့သို့ လှောင်အိမ်ထဲ၊ လွတ်ကွင်း ထဲတွင် မဟုတ်ဘဲ သဘာဝအတိုင်း တောတွင်း ရောက်ရှိ လေ့လာ နေရဘိသကဲ့သို့ လေ့လာနိုင်ရန် စီစဉ် ဆောင်ရွက်ထား ရှိသည်။ ယခုအခါ ဆာဖာရီ ဥယျာဉ်(နေပြည်တော်)တွင် ဘို့တစ်လုံး ကုလားအုတ်(အမ) (ချောစု) သည် ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်တွင် ပြကွက်အတွင်း သဘာဝ အတိုင်း သားငယ် (အထီး)တစ်ကောင် မွေးဖွားခဲ့ရာ မိခင်ရော သားငယ်ပါ ကျန်းမာလျက် ရှိကြောင်း သိရသည်။ 

မြ၀တီ

0 comments:

Post a Comment