အင်ဒိုနီးရှား သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဖေဖော်ဝါရီ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် Bali NrdKU? Ngurah Rai အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး Bail စစ်တိုင်းဒေသမှူး Major General Wisnu Bawatenaya နှင့် ဇနီး ဦးဆောင်သော တာဝန်ရှိသူ များက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၉ ရက်တွင် Bali မြို့KOPI LUWAK ကော်ဖီစိုက်ပျိုးရေးခြံသို့ သွားရောက်ကာ ကြောင်ကတိုး မွေးမြူပြီး ကော်ဖီစိုက်ပျိုးထားသည့် အခြေအနေအား လှည့်လည်ကြည့်ရှု လေ့လာကြသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဖေဖော်ဝါရီ ၂ဝ ရက် နံနက်ပိုင်း တွင် Bali မြို့Jasamarga Bali Tol Highway Corporation မှ တည်ဆောက် ထားသော Bali Mandara Toll Road တံတား တည်ဆောက်ရေး လုပ်ငန်းအား သွားရောက် လေ့လာကြသည်။ Bali Mandara တံတားသည် အရှည် ၁၂ ကီလိုမီတာ ရှိပြီး ဘာလီကျွန်း တောင်ဘက်ရှိ Benoa၊ Ngurah Rai နှင့် Nusa Dua နယ်မြေသုံးခုကို Pelabuhan Benoa ဖြတ်သန်း၍ ဆက်စပ် တည်ဆောက်ထားခြင်း ဖြစ်သည်။
Bali မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန်၊ Bali အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ပင်လယ်ကမ်းခြေရှိ ဟိုတယ်ဇုန်အားမြန်ဆန်လွယ်ကူစွာ သွားလာနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ထားခြင်း ဖြစ်ြပီး ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ်ခဲ့သည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာတပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နံနက်ပိုင်းတွင် Bali အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် အင်ဒိုနီးရှား တပ်မတော် အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ ဂျကာတာမြို့Halin Perdank Liusama လေဆိပ်သို့ ရောက်ရှိသည်။
ဆက်လက်၍ အင်ဒိုနီးရှား သမ္မတနိုင်ငံ ဂျကာတာမြို့မှ လေကြောင်းခရီးဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သို့ ပြန်လည် ထွက်ခွာလာရာ အင်ဒိုနီးရှား သမ္မတနိုင်ငံ အင်ဒိုနီးရှား တပ်မတော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အင်ဒိုနီးရှား သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမင်းလွင်နှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) စစ်သံမှူး ဗိုလ်မှူးကြီး ကြည်မြင့်နှင့်ဇနီး၊ တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ကြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်မြို့မှ တစ်ဆင့် နေပြည်တော် သို့ ဖေဖော်ဝါရီ ၂ဝ ရက် ညနေ ၅ နာရီ ၅ဝ မိနစ်တွင် ပြန်လည်ရောက်ရှိကြပြီး လေဆိပ်တွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။
မြ၀တီ
0 comments:
Post a Comment