Thursday, February 27, 2014

ကမ္ဘာကျော်နေတဲ့ ရင်နင့်ဖွယ် ဖြစ်ရပ်မြင်ကွင်း


သားနဲ့ သမီး ဆုံးရှုံးလိုက်ရလို့ သောကမီးတောက်လောင်နေတဲ့ မိဘရဲ့ ရင်နင့်ဖွယ် မြင်ကွင်းတွေနဲ့ ထိုင်းနိုင်ငံ က အဖြစ်ဆိုးတခုက အခု ထိုင်းမီဒီယာတွေသာမက ကမ္ဘာ့မီဒီယာတွေမှာလည်း ဖော်ပြနေကြပါ တယ်။


သားနဲ့ သမီးဟာ မကြာသေးခင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆန္ဒပြသူတွေကို ရည်ရွယ်ပစ်ခွင်း လိုက်တဲ့ ဗုံးကြောင့် ထိခိုက်ဒဏ်ရာရပြီး သေဆုံးသွားတဲ့အခါ ကျန်ရင်တဲ့ ဖခင်ရဲ့ ပူဆွေးသောကဖြစ်နေ ပုံတွေပါ။

ဘယ်လောက်ထိ ကျေကွဲခံစားနေရမယ်ဆိုတာ ဒီပုံတွေနဲ့ ဈာပနချတဲ့ ဗီဒီယို မြင်ကွင်းတွေနဲ့ ခန့်မှန်း နိုင်ပါ တယ်။
ဘယ်လိုမှ မျှော်လင့်မထားဘဲ ဆန္ဒပြမှုတွေထဲလည်း မပါဝင်တဲ့ မိသားစုတစုက ကလေးငယ် ၂ ဦး ဟာ လောကကြီးက ရုပ်တရက် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ရပြီး ကျန်ရစ်သူ မိသားစုသာ မက ထိုင်း နိုင်ငံသားတွေ၊ နိုင်ငံတကာ မိသားစုတွေကလည်း ဒီမြင်ကွင်းကြောင့် ထပ်တူ ကြေကွဲကြရမှာပါ။

မြန်မာနိုင်ငံမှာလည်း မကြာသေးခင် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တို့၊ ဒီပဲယင်းတို့၊ ရှစ်လေးလုံးတို့၊ တိုင်းရင်း သား နယ်မြေတွေက စစ်ပွဲတွေ စတဲ့ နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှုတွေမှာ သေနတ်တွေ၊ ဗုံးတွေနဲ့ မမျှော် လင့်ပဲ အပြစ်မဲ့ပြည်သူတွေ သေဆုံးသွားကြတဲ့ မိသားစုတွေဘယ်လောက်များမလဲ မသိနိုင်ပေမယ့် အဲဒီမိသားစု တွေလည်း အခုလို ပူဆွေးသောကတွေ ဖြစ်ကြမှာပဲလို့ ကျမလည်း တွေးမိလို့ ပရိသတ်လည်း အလားတူ တွေးမိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Ref: Irrawaddy Blog

0 comments:

Post a Comment