ကမာရွတ်မြို့နယ် အမှတ် (၄) ရပ်ကွက် ဘုရင့်နောင် တာဝါရှိ ၇ လွှာ
တိုက်ခန်းတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အမေရိကန် ဒေါ်လာ ခုနစ်သောင်းကျော်
သိမ်းဆည်းထားသော မီးခံသေတ္တာ ခိုးယူခံရပြီး ပုံစံတူ မီးခံသေတ္တာ အလွတ်ဖြင့်
လဲလှယ် ခံရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ
သိရှိရသည်။
အမှတ် (၆) ရပ်ကွက် ပြည်ရိပ်မွန် အိမ်ရာတွင် နေသူ အသက် ၃၉ နှစ် အရွယ်ရှိ အင်္ဂလိပ်စာ သင်တန်း ဆရာသည် ခရီးသွား ကုမ္ပဏီ ဖွင့်ရန် ငှားရမ်းထားသော ဘုရင့်နောင် တာဝါရှိ တိုက်ခန်းတွင်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့က အမေရိကန် ဒေါ်လာ ၇၁,၉၅၆ ကို မီးခံသေတ္တာ
အတွင်း
သော့ခတ် သိမ်းဆည်းခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၆ နာရီခန့်က
စာရင်းကိုင် အမျိုးသမီးက မီးခံသေတ္တာ သော့ဖွင့်မရ၍ အဆိုပါ အမျိုးသားကို
တယ်လီဖုန်းဖြင့် အကြောင်းကြား၍ သွားရောက် စစ်ဆေးခဲ့ရာမှ မီးခံသေတ္တာ ပုံစံတူ
ဖြစ်နေပြီး ကန်ဒေါ်လာ ငွေများ သိမ်းဆည်းထားသော မီးခံသေတ္တာမှာ
ပျောက်ဆုံးနေကြောင်း ကမာရွတ်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက
ပြောကြားသည်။အမှတ် (၆) ရပ်ကွက် ပြည်ရိပ်မွန် အိမ်ရာတွင် နေသူ အသက် ၃၉ နှစ် အရွယ်ရှိ အင်္ဂလိပ်စာ သင်တန်း ဆရာသည် ခရီးသွား ကုမ္ပဏီ ဖွင့်ရန် ငှားရမ်းထားသော ဘုရင့်နောင် တာဝါရှိ တိုက်ခန်းတွင်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့က အမေရိကန် ဒေါ်လာ ၇၁,၉၅၆ ကို မီးခံသေတ္တာ
“ပညာရေး လုပ်ငန်းအတွက် နိုင်ငံခြားသားတွေက လှူဒါန်းထားတဲ့ အမေရိကန် ဒေါ်လာတွေကို မီးခံသေတ္တာထဲ သိမ်းဆည်းထားတာ။ ပုံစံတူ ဖြစ်နေတော့ မီးခံသေတ္တာ အခိုးခံရတာ ဘယ်အချိန်ကတည်းကလဲ ဆိုတာ လက်တလော မသိရသေးပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ ကျပ်သိန်း ၇၀၀ ကျော် ပါသော မီးခံသေတ္တာ ပျောက်ဆုံးမှုကို (ပ) ၉၃/၁၄၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ရုံးထံမှ သိရှိရသည်။
The Voice Weekly
0 comments:
Post a Comment