Wednesday, February 19, 2014

အသက် ၁၆ မှ ၁၈ နှစ်အတွင်း လူငယ်များ စိတ်ကြွဆေးပြားသုံးစွဲမှုများ

မူးယစ်ဆေးဝါး သုံးစွဲနေကြသူအများစုမှာ အသက် ၁၆ နှစ်မှ ၁၈ နှစ်အတွင်း လူငယ်များဖြစ်ပြီး စိတ်ကြွရူး သွပ်ဆေးပြားကို အဓိကသုံးစွဲကြကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည် ထူထောင်ရေး စခန်း(မန္တလေး)မှ စခန်းမန်နေဂျာ ဦးခင်ထွန်းက ပြောသည်။


 “ဆေးစွဲတဲ့လူငယ်အများစုက ၁၆ နှစ်ကနေ ၁၈ နှစ်အရွယ်တွေ များတယ်။ ဆေးပြားသုံးတာ များတယ်။ ဆေးပြားသုံးရင် လူမသိဘူး။ မိဘကလည်း မရိပ်မိဘူး။ အလွယ်တကူ ၀ယ်ရနေ တာလည်း ပါတာပေါ့။ မိ ဘတွေက ကျွံသွားမှသိတယ်။ လွန်မှရောက်လာတဲ့ ကလေးတွေ ကျတော့ ပြုစုကုသဖို့ခက်တယ်”ဟု ၎င်း က ပြောသည်။
  
ဆေးသုံးစွဲသူ လူငယ်များတွင် ကျောင်းသားလူငယ်က ပိုများပြီး ကျောင်းသားလူငယ်များ သုံးစွဲမှုများရ ခြင်းမှာလည်း မိဘများက ယုံကြည်မှုလွန်ကဲခြင်း၊ မူးယစ်ဆေးဆိုင်ရာ အသိဉဏ် ဗဟုသုတ နည်းပါးခြင်း နှင့် ထိတွေ့ဆုံးမမှု အားနည်းခြင်းများကြောင့်ဖြစ်ကာ စာသင်ကျောင်း များက မူးယစ်ဆေးအသိပညာပေး မှုများ အလွန်အားနည်းသည်ဟု ဦးခင်ထွန်းက ပြောသည်။


“မိဘတွေကလည်း စားဝတ်နေရေး လုံးပမ်းနေကြရတော့ ကလေးတွေကို ပြန်မကြည့်နိုင်ကြတော့ဘူး။ သားသမီးကို ယုံကြည်မှုလွန်ကဲတာလည်း ပါတယ်။ ကိုယ့်သားသမီးဆေးသုံးနေတာကို မသိဘူး။ ငြိမ်နေ တာကိုကြည့်ပြီး မိဘတွေက သဘော ကျနေတယ်။ မိဘတွေက မူးယစ်နဲ့ပတ်သက်ပြီးဘာအသိမှမရှိဘူး။ သိတဲ့အချိန် ကျတော့ လွန်ကုန်ပြီ။ ပတ်ဝန်းကျင်သိမှာစိုးပြီး အိမ်မှာတင် ဖြစ်သလိုကုနေကြတယ်။ ဒါမျိုး တွေဖြစ်နေပြီဆို ကြောက်စရာမလိုဘူး။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ မူးယစ်အထူးကုတွေနဲ့ ပြပြီးကု ရမယ်။ ကျွန်တော့်ဆီကိုလည်း အကြံဉဏ် လာတောင်းလို့ရသလို လာရောက်အပ်နှံနိုင်ပါတယ်။ မိဘတွေ ကိုလည်း မူးယစ်အသိရှိဖို့ လက်ကမ်း စာစောင်တွေ ဝေနေသလို အသိပညာပေးမှုတွေ လုပ်နေပါတယ်။ စာသင်ကျောင်းတွေမှာလည်း မူးယစ်အသိပညာပေး ဟောပြောမှုတွေ လစဉ်လုပ်ပေးနေပါတယ်”ဟု ၎င်း က ပြောသည်။


လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးစခန်းက အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ နှင့် တက္ကသိုလ်များမှ ဆရာ၊ ဆရာမများအား မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး သုံးစွဲမှု ကြိုတင်ကာကွယ် ရေး အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး မိဘများအားလည်း ခေါ်ယူအသိပညာပေး သွားမည်ဖြစ်သည်။

 မိဘများနှင့် ဆရာ၊ ဆရာမများသည် ကျောင်းသားလူငယ်များ ဆေးသုံးစွဲသည်ကို သိပါက ကြောက်လန့် မနေဘဲ ပြန်လည်ထူထောင်ရေးစခန်းများနှင့် နားလည်တတ်ကျွမ်းသော မူးယစ်အထူးကုဆရာများအား ပြသကုသသင့်သည်ဟု ဆိုသည်။

 ထိုသို့ဆက်သွယ်ပြသမှုကို သက်ဆိုင်ရာက စစ်ဆေးမေးမြန်းမှုမလုပ်သည့်အပြင် ဖမ်းဆီး မှုလည်း မရှိ ချေ။ 

 လူငယ်များသည် မူးယစ်ဆေးသုံးစွဲမှုမှာ အပျော်အပါးနှင့် အပေါင်းအသင်းကြောင့် ၄၅ ရာခိုင်နှုန်း၊ ပတ် ၀န်းကျင်နှင့် မပြေလည်ခြင်း၊ အိမ်တွင်းရေးအဆင်မပြေခြင်းကြောင့် ၅၅ ရာခိုင်နှုန်းဖြစ်သည်။ အဓိက ဆေးသုံးစွဲမှုနှစ်မျိုးရှိပြီး ၁၆ နှစ်မှ ၁၈နှစ်အတွင်း လူငယ်များက စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲပြီး ၁၉ နှစ် အထက်အရွယ်များက ဘိန်းဖြူအသုံးပြု တတ်ကြ သည်။ မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးအတွက် အား လုံးတွင် တာဝန်ရှိပြီး ပူးပေါင်းဆောင်ရွက်ကာ ဆေးသုံးစွဲနေသော လူငယ်များ တွေ့ရှိလာပါက ပြန်လည် ထူထောင်ရေးစခန်းများနှင့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်းများသို့ ဆက်သွယ်အသိပေး ပို့ဆောင်ကြရန် လိုအပ်သည်ဟု ဆိုသည်။
  
မိဘများကလည်း သားသမီးများ ဆေးသုံးစွဲလျှင် ပြန်လည်ထူထောင်ရေးစခန်းသို့ လာရောက်ဆွေးနွေး ပြီး ပို့အပ်သင့်ကြသည်။ ပြန်လည်ထူထောင်ရေးစခန်းသို့ လာရောက်ဆေးဖြတ်သူအများစုသည် မိမိအစီ အစဉ်ဖြင့် လာရောက်ကြသူများပြီး မိဘက လာအပ်နှံသူ နည်းပါးသည်။


မူးယစ်ဆေးသုံးစွဲမှုလျော့နည်းလာစေရန် ပြန်လည်ထူထောင်ရေးစခန်း အခြေပြုအဖွဲ့များ မရှိသောမြို့များ တွင် ကျေးရွာပြန်လည်ထူထောင်ရေးအဖွဲ့များဖွဲ့၍ ရှာဖွေကုသမှုများ လုပ်သွားမည်ဖြစ်သည်။ အထက် မြန်မာပြည်တွင် အခြေပြု ပြန်လည်ထူထောင်ရေးစခန်း ၂၃ ခုရှိရာ ပြန်လည်ထူထောင်ရေးစခန်း (မန္တ- လေး)တွင် ၂၀၁၄ ဇန်န၀ါရီလ၌ ၈၆ ဦး ကုသပြုစုပေးခဲ့ပြီး မိဘများထံ အပ်နှံနိုင်ခဲ့သည်။ ဖေဖော်ဝါရီလ တွင် ၁၈ ရက်အထိ ၁၀ ဦးသာ ရှိသေးသည်။ “ဆေးသုံးစွဲမှုပေါ်မူတည်ပြီး ရက်ကို သတ်မှတ်တာပါ။ အ နည်းဆုံးကတော့ ၄၅ ရက်ပါပဲ။ ဖြတ်ပြီးသွားလို့ ဒီကနေဆင်းသွားရင်လည်း တစ်နှစ်လောက် မူးယစ်ကြီး ကြပ်အဖွဲ့တွေနဲ့ ဆက်သွယ်ပြီး စောင့်ကြည့်တယ်။ သူတို့ကနေ တစ်လ တစ်ခါ အစီရင်ခံစာပို့ပါတယ်”ဟု ဦးခင်ထွန်းက ပြောသည်။

 ဆေးဖြတ်သူများအား ပြန်လည်ထူထောင်ရေးစခန်းက တစ်ရက် ကျပ် ၅၀၀ ထောက်ပံ့ပြီး လိုအပ်သည် များကို မိဘနှင့် အလှူရှင်များက ထောက်ပံ့ကြသည်။
  
ပြန်လည်ထူထောင်ရေးစခန်းက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကုသပေးပြီး ဆေးပြတ်သွားသော လူငယ်များအားလည်း ပတ်ဝန်းကျင်နှင့် မိဘဆရာများက နွေးနွေးထွေးထွေး ဆက်ဆံမှုများဖြင့် အားပေး ကူညီသင့်ပြီး မူးယစ်ဆေးဝါးဖြတ်ပြီးခါစ လူသည် လမ်းလျှောက်တတ်ခါစ ကလေးနည်းတူ အချိန်မရွေးလဲ နိုင်သကဲ့သို့ မူးယစ်ဆေးဖြတ်ထားသူသည်လည်း အချိန်မရွေး ပြန်လည်သုံးစွဲနိုင်သောကြောင့် စောင့် ကြည့်မှုများလိုသဖြင့် ပြန်လည်သုံးစွဲမှု တွေ့ရှိပါက ပြန်လည်ထူထောင်ရေးစခန်းသို့ ဆက်သွယ်ပို့ဆောင် သွားရန်လိုသည်ဟု ဦးခင်ထွန်းက ပြောသည်။


ပြန်လည်ထူထောင်ရေးစခန်းသို့ လာရောက်ကုသသူ လူငယ်အများစုသည် တောင်ကြီး၊ ပြင်ဦးလွင်၊လား ရှိုး၊ မူဆယ်၊ မိတ်္ထီလာ၊ မိုးကုတ်နှင့် တမူးမြို့တို့မှဖြစ်သည်။ပြန်လည် ထူထောင်ရေးစခန်းသို့ ရောက်ရှိလာ သူများအား လုပ်ငန်းခွင်ကုထုံးဖြင့်လည်း ကုသပေးသည်။


ထိုလုပ်ငန်းများမှာ ပိုးဇာပုံနှိပ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆိုင်ကယ်ပြုပြင်ရေးသင်တန်းနှင့် ကွန်ပျူတာသင် တန်းများ ဖြစ်သည်။ ထို့ပြင် နေ့စဉ်ရုပ်မြင်သံကြားကြည့်ရှုခြင်း၊ စနေနှင့် တနင်္ဂနွေတွင် ဗီဒီယိုကြည့်ရှုခွင့် ပေးခြင်း၊ မိဘများနှင့် တစ်ပတ်တစ်ကြိမ် တွေ့ခွင့်ပေးခြင်း၊ ညနေပိုင်းတွင် အားကစားများ ပြုလုပ်စေခြင်း နှင့် အခြား ၀ါသနာပါရာများ လုပ်ခွင့်ပြုခြင်းဖြင့် လည်း ကုသပေးသည်။


မူးယစ်ဆေးဝါးသုံးစွဲမှုစစ်တမ်းများအရ လူငယ် ၁၀၀ ဦးတွင် ၇၀ ခန့်သုံးစွဲမှုရှိရာ လျော့နည်းသွာစေရန် အားလုံးက ပူးပေါင်းပါဝင်သင့်သည်ဟု မူးယစ်အထူးကု ဆရာဝန် တစ်ဦးက တိုက်တွန်းပြောကြားသည်။ 
Mizzima

0 comments:

Post a Comment