၂၀၁၅ခုနှစ်၌ ပြန်လည်ကျင်းပမည့် သမ္မတအစိုးရသစ်ရွေးကောက် ပွဲ၌ ဒ်ါအောင်ဆန်းစုကြည် အနေဖြင့် သမ္မတအဖြစ် ရွေးချယ်ခံရပါက မည်သည့် ထိန်း ချုပ်မှုအောက်၌ တာဝန် ထမ်းဆောင်မည် မဟုတ်ဘဲ လွတ်လပ်စွာ ဆောင်ရွက်မည် ဖြစ်သည် ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ဇန်န၀ါရီလ ၂၄ရက်နေ့တွင် နမ့်စန်မြို့နယ်ရှိ ကျောက်တိုင်အားကစားကွင်းအတွင်း၌ ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေရှင်းလင်းပွဲ၌ ဒေသခံသို့ အထက်ပါအတိုင်း ကတိပေးပြောဆို ခဲ့ခြင်းဖြစ်သည်။
“တိုင်းပြည်ကို အုပ်ချုပ်မယ့် ခေါင်းဆောင်ဟာ သတ္တိရှိရှိနဲ့ ပြောရဲရမယ်၊ အဲ့ဒီလို မလုပ်ရဲတဲ့လူတွေက တိုင်းပြည် အုပ်ချုပ်နိုင်တဲ့ လူမဟုတ်ဘူးလို့ပာချင်ပါတယ်၊ ကျွန်မကို မကြိုက်လို့ ရာထူးကနေ ဖြုတ်ချင်တယ်ဆိုရင်လည်း ထွက်မှာပါ၊ တွယ်ကပ်ပြီး နေဖို့တော့ လုံးဝမကြိုးစားပါဘူး၊ ကိုယ့်တာဝန် ကိုယ်ကျေပြွန်သွားရင် ကျေနပ်ပါပြီ ကျွန်မတာဝန်ကို ကျွန်မကျေပြွန်အောင် ထမ်းဆောင်သွားမယ်လို့ ပြောချင်ပါတယ်” ဟု ၄င်းက ပြောကြားခဲ့ သည်။
တိုင်းပြည်အတွင်းရှိ ၀န်ထမ်းများမှာ အရေအသွေးရော စိတ်ဓါတ်ပါ မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ပြည်သူ့အတွက် တာဝန် ထမ်းရွက်ချင်စိတ်ဖြစ်လာအောင် ပြောင်းလဲ ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်လည်း ယုံကြည်မှု ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့် အတွက် အနစ်နာခံသည်ဟု မထင်မြင်ကြောင်း၊ တိုင်းပြည်အတွက် လုပ်သင့်လုပ် ထိုက်သည် များကိုဆာင်ရွက်ခြင်းသာ ဖြစ်သည်ဟု ၄င်းက ဆိုသည်။
“အခုလို အမေစုနဲ့ တွေ့ရလို့ အရမ်းပျော်ပါတယ် အမေစုကို ဟိုကတည်းကလးစားခဲ့တာပါ ပြည်သူအပေါ်မှာ ရပ်တည်နေခဲ့တဲ့ စေတနာတွေကိုလည်း လေးစားတယ် နိုင်ငံရေးက တိုးတက်မယ်ဆိုတာလည်း ယုံကြည်တယ်” ဟု ရပ်ဆောက်မြို့သူ မသီတာက ပြောသည်။
ပြည်သူလူထုတစ်ရပ်မှ နမ်စန်မြို့၌ ၀န်ထမ်းများ ထိုဟောပြောပွဲသို့ သက်ဆိုင်ရာ အာဏာပိုင်များက လာရောက် ခြင်းမရှိရဟု အမိန့်ထုတ်ပြန်ထားသည်များကို တင်ပြကြရာ ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါအမိန်များ တရားဝင်ထုတ်ပြန်ခြင်း ရှိမရှိကိုမူ သက်ဆိုင်ရာ
အာဏာပိုင်ထံသို့ တရားဝင်စာဖြင့် မေးမြန်းမည်ဖြစ်ကြောင်း၊ နမ့်စန်လေ ယာဉ်ကွင်းသို့ ဆင်းသက်ခွင့်မရခဲ့ခြင်း ကိုလည်း သက်ဆိုင်ရာသို့ စုံစမ်းကာ လေယာဉ်ကွင်းတိုင်း လေယာဉ်တိုင်းဆင်းသက်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်သူများ၏ အမေးများကို ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဖြေကြားခဲ့သည်။
ဇန်န၀ါရီလ (၂၄)ရက်နေ့ ကျောက်တိုင်အားကစား ကွင်းအတွင်း၌ ပြုလုပ်ခဲ့သည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေရှင်းလင်းပွဲ၌ ပြည်သူလူထု၏ထာက်ခံမှုရရှိကာ တက်ရောက်လာသည့် ပြည်သူ၏ ၈ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် သဘောတူကြပြီး၊ ၅ရာခိုင်နူန်းကမူ အသစ်ရေးဆွဲသင့်သည်ဟု ဆန္ဒပြုခဲ့ကြောင်း နမ့်စန်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးနေဇော်နိုင်မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စည်းရုံးရေးခရီးစဉ်အဖြစ် ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ ဟဲဟိုးလေဆိပ်သို့ လေကြောင်းခရီးဖြင့် ဇန်န၀ါရီလ (၂၄)ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီးဒသခံ တိုင်းရင်းသားလူထု (၇၀၀)၀န်းကျင်ခန့် လာရောက်ကြို ဆိုခဲ့ကြသည်။
Hittine Journal ဟစ်တိုင် ဂျာနယ်
Myanmar International News
0 comments:
Post a Comment