
ခုလက်ရှိ ဒါရိုက်တာညိုမင်းလွင် မင်းသားနေမင်းတို့နဲ့အတူ
ဇာတ်ကားရိုက်ကူးနေတဲ့ သရုပ်ဆောင် အိချောပိုကို သူမရဲ့ ဖက်ရှင်အကြောင်းနဲ့
အလှအပ ထိန်းသိမ်းမှုဆိုင်ရာ အပိုင်းတွေကို မေးမြန်းဖြစ်ခဲ့တာကတော့
‘ဖက်ရှင်ကတော့ အိချောအရမ်းစိတ်ဝင်စားတယ်။ ဘာလို့လဲဆိုတော့
ဒီအလုပ်လုပ်နေတဲ့အတွက် အ၀တ်အစားကအစ တစ်ကိုယ်လုံးကို ဆင်ယင် ရတာဆိုတော့
ခေါင်းစခြေဆုံး ပရိသတ်အတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ဖြစ်တယ်။
ဖက်ရှင်နဲ့ ပတ်သတ်တဲ့ လေ့လာမှုတွေအနေနဲ့ဆိုရင် နိုင်ငံခြားက ဖက်ရှင်တွေကို
လေ့လာဖြစ်တယ်။ ကတ်တလောက်တွေ ကြည့်တယ်။
ဆံပင်နဲ့ပတ်သတ်ပြီးတော့လည်း သူမက ‘အိချောက အခုဆံပင်အရှည် မဟုတ်တော့
သိပ်တော့ မပူရတော့ဘူး။ အတုစွပ်တဲ့အခါ စွပ်တယ်။ အမေ့ဆံပင်ကို ညှပ်ပြီး
ချုပ်ထားတဲ့ဟာတွေ ၀တ်တယ်။ ဆံပင်အစစ်နဲ့ရိုက်တာမျိုးတွေလဲ ရှိတယ်။
ဆံပင်ပုံပြောင်းရင် အိချောက ပုံပါပြောင်းသွားတယ်။ ဆံပင်ပုံကို
ကာရိုက်တာနဲ့လိုက်အောင်အမြဲပြင် ဆင်ဖြစ် ပါတယ်။ မိတ်ကပ်က
မောင်ခိုင်ခင်စန်းဝင်းနဲ့ ပြင်ပါတယ်။ အလှအပပိုင်းကတော့ လိုးရှင်း မှန်မှန်
လိမ်းဖြစ်တယ်။ အသားအရေက မီးထိုးမှန်ထိုးဆိုတော့ အပူဒဏ်ခံနိုင်တဲ့
ဟာတွေလိမ်းဖြစ်တယ်။ အိချောတို့ကကျတော့ သာမန်လူတွေထက်စာရင် အသားအရေ
ပိုပျက်စီးလွယ်တာပေါ့နော်။ နေဒဏ်၊ မီးဒဏ်၊ မီးထိုး၊မှန်ထိုးဆိုတော့
သာမန်လူတွေထက်ပိုပြီး ဂရုစိုက်ရပါတယ်’တဲ့။
ခင်ဆွေသက်
Trend Myanmar
0 comments:
Post a Comment