မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော်မှန်လုံခန်းတွင် ဘုရားဖူးနေသည့် ဗီယက်နမ်နိုင်ငံသူ အမျိုးသမီးတစ်ဦးထံမှ ပတ်စ်ပို့အမှတ် (B-8650335)၊ အမေရိကန်ဒေါ်လာ၊ မြန်မာငွေကျပ်၊ ဗီယက်နမ်ဒေါင်ငွေရော ရာ ၁၇၃ဝ၅ဝဝကို ဇန်နဝါရီ ၁၄ ရက် နံနက် ၁၁ နာရီက အခိုးခံရကြောင်း ဘုရားရင်ပြင်တွင် တာဝန်ကျနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြောင်း ကြားတိုင်ကြားခဲ့သည်။
ဘုရားဖူးဧည့်သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နေသူ မစ္စစ်နုရီဆီဒန်း (၅၇ နှစ်)နှင့် စကားပြန် ဒေါ်မေနွယ်ဝင်း(၆၈ နှစ်)တို့သည် ကျိုက်ထီးရိုး ဘုရားရင်ပြင်တော် ဆီမီး ၉ဝဝဝ ဓမ္မာရုံရှေ့၌ အဝါဖျော့ရောင်ဟန်းဘက် အိတ်အတွင်းမှ ပျောက်ဆုံးသွားခဲ့သော ပစ္စည်းများကို ကျိုက်ထီးရိုးရင်ပြင် ပေါ်တွင် တပ်ဆင်ထားသည့် စီစီတီဗွီမှတ်တမ်းအရ ရင်ပြင်တော်တွင် ခိုးယူ သွားခဲ့သူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပိတောက်လမ်း (၁ဝ)ရပ်ကွက်နေ သက်ပိုင်ထူး(၂ဝ နှစ်)ထံမှ ပျောက်ဆုံးသွားသည့် ပစ္စည်းများကို တာဝန်ကျ ရဲအုပ်ကျော်မြင့်နှင့် အဖွဲ့က ပြန်လည်သိမ်းဆည်းရမိ ခဲ့သည်။
ပြန်လည်သိမ်းဆည်းရမိခဲ့သည့် ပတ်စ်ပို့အပါအဝင် ငွေသားတန်ဖိုးငွေကျပ် ၁၇ သိန်းကျော် ပိုင်ရှင်ထံပြန်လည်ပေးအပ်ပွဲကို ကျိုက်ထီးရိုးရင်ပြင်တော် နယ်မြေရဲစခန်း၌ ဇန်နဝါရီ ၂၄ ရက်က ကျင်းပရာ ရဲအုပ်ကျော်မြင့်က ဗီယက်နမ်နိုင်ငံသူ မစ္စစ်နုရီဆီဒန်း (၅၇ နှစ်)ထံ ပြန်လည်ပေးအပ်ခဲ့ပြီး ပစ္စည်းပိုင်ရှင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သူ မစ္စစ်နုရီဆီဒန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။
The Mirror Daily
0 comments:
Post a Comment