လွှတ်တော်သက်တမ်း သုံးနှစ် ပြည့်လာသည် အထိ နိုင်ငံနှင့် ပြည်သူအကျိုးကို အနည်းငယ် သာ ပြုလုပ်နိုင်သေးကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြား သည်။
“ဘာလုပ်နိုင်ခဲ့လဲ ပြန်ကြည့်လိုက်ရင် နိုင်ငံနဲ့ ပြည်သူအတွက် အတော်အသင့်ပဲ လုပ်နိုင်ခဲ့သေး တယ်” ဟု ၎င်းကဆိုသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သုံးနှစ်ပြည့် မိန့်ခွန်းအဖြစ် ပြောကြားသည့် မိန့်ခွန်းတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ် သည်။
ကျန်ရှိနေသည့် သက်တမ်း ၂ နှစ်တွင် နိုင်ငံအရေးအတွက် လုပ်ဆောင်ရမည့် တာဝန်များ ရှိနေသောကြောင့် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို နမူနာယူ၍ ဆက်လက် လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း ၎င်းကလွှတ်တော် ကိုယ်စားလှယ်များကို တိုက်တွန်း ပြောဆိုသည်။
လက်ရှိ လွှတ်တော်သည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အလေးထားမှုကို ရရှိလာပြီ ဖြစ်သောကြောင့် လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူ့အကျိုးကို ပူးပေါင်း လုပ်ဆောင် ရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။
လွှတ်တော်ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ သို့သော် နိုင်ငံရေးသမား အချို့နှင့် နိုင်ငံရေး လေ့လာသူအချို့ကမူ သူရဦးရွှေမန်း၏ မိသားစုဝင်များ ပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများကြောင့် ဝေဖန်မှုများ ခံနေရသည်။
The Voice Weekly
0 comments:
Post a Comment