Monday, February 17, 2014

ဧရာဝတီတိုင်းရှိ အခြေခံကျောင်းများတွင် ဆရာ၊ ဆရာမ သောင်းချီလိုအပ်

ဧရာတီတိုင်းအတွင်းရှိ အခြေခံပညာအဆင့်ကျောင်းများတွင် ဆရာ၊ ဆရာမ လိုအပ်ချက်ဦးရေ ၁၀,၀၀၀ ကျော်အထိ ရှိနေသည်ဟု တိုင်းပညာရေးမှူး ဦးကြည်အောင်က ဖေဖော်ဝါရီ ၁၅ ရက်က ပုသိမ်မြို့၊ ဧရာ ရွှေဝါခန်းမတွင် ကျင်းပသည့် ပြည်သူရေးရာတာဝန်ခံမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ထုတ်ဖော် ပြော ကြားလိုက်သည်။

ဧရာဝတီတိုင်းတွင် အခြေခံပညာအဆင့် ၆,၄၈၆ ကျောင်းရှိပြီး ခွင့်ပြုထားသည့် ကျောင်းဆရာ ၅၀,၉၇၇ ဦးရှိသော်လည်း တာဝန်ထမ်းဆောင်နေသည့် ဆရာ ၄၀,၅၆၄ ဦးအထိသာရှိနေရာ လစ်လပ်နေသည့် ဆရာအင်အား ၁၀,၄၁၃ ဦးရှိနေသည်ဟု ဆိုသည်။

“ကျောင်းတွေမှာ ကျောင်းသား ၅၅ ယောက်ကို ဆရာ/ဆရာမ နှစ်ယောက်နှုန်းနဲ့ သွားနေတာ။ ၁၅ နှစ် ၁၆ နှစ်လောက်ရှိနေပြီး၊ ဆရာ/ဆရာမ အင်အားနည်းတော့ တတ်မြောက်မှု အရည်အသွေးကို နှောင့်နှေး စေတာပေါ့၊၊ မူလတန်းလွန်ကျောင်းတွေမှာ ဆရာငါးယောက် မပြည့်တဲ့ ကျောင်းပေါင်း ၄၀၀၀ ကျော်ရှိ တယ်”ဟု တိုင်းပညာရေးမှူးက ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်း ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းမှ တစ်နှစ်လျှင် ကျောင်းဆရာ၊ ဆရာမ ၆၀၀ ဦးကျော်သာ မွေးထုတ်ပေးနိုင်ပြီး လိုအပ်လျက်ရှိသည့် ကျောင်း ဆရာများ ခန့်ထားနိုင်ရေး အတွက် ပညာရေးဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက် ထားပြီးဖြစ် သည်ဟု ဆိုသည်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းကျင်းပသည့် တတိယအကြိမ် မြောက် ပြည်သူ့ရေးရာတာဝန်ခံယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ဖေ ဖော်ဝါရီ ၁၅နှင့် ၁၆ ရက်များတွင် ပြုလုပ်ခဲ့သည်။

Mizzima

0 comments:

Post a Comment