Tuesday, January 14, 2014

ဗြိတိန် ဆရာ၊ ဆရာမ ၄၀ ကျော် ပညာရေးကောလိပ်များတွင် ကာလရှည် လာရောက်ပို့ချမည်

Photo: ဗြိတိန် ဆရာ၊ ဆရာမ ၄၀ ကျော် ပညာရေးကောလိပ်များတွင် ကာလရှည် လာရောက်ပို့ချမည် 
Tuesday, January 14, 2014

 နိုင်ငံတော်သမ္မတအစီအစဉ်ဖြင့် ဗြိတိန်နိုင်ငံမှ အင်္ဂလိပ်စာ ဆရာ၊ ဆရာမ ၄၅ ဦး သည် ပြည်တွင်းရှိ ပညာရေးကောလိပ်များတွင် ကာလရှည် လာရောက်သင်ကြားပို့ချမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

အင်္ဂလိပ် ဘာသာစကား သင်ကြားမှုအရည်အသွေး မြှင့်တင်ရန် ပညာရေးကောလိပ် ၂၁ ခု တွင် လာမည့်မေလမှ စတင်၍ အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမဖြစ်လာမည့်သူများကို အင်္ဂလိပ်ဘာသာစကား သင်ကြားပို့ချမည်ဖြစ်သည်။
““ဗြိတိန်ဝန်ကြီးချုပ်နဲ့ သမ္မတကြီး သဘောတူထားတာလို့ပြောတယ်။ ဒီနှစ် မေလထဲမှာ စဖြစ်မယ်။ ၂ နှစ်၊ သုံးနှစ်လောက် တောက်လျှောက်တွဲပြီးတော့ သင်ပေးနေမှာပေါ့”” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်ကပြောသည်။

ဗြိတိန်နိုင်ငံသည် ဗြိတိသျှကောင်စီမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း အင်္ဂလိပ်ဘာသာစကား သင်ကြား၊ သင်ယူမှုစွမ်းရည် မြင့်မားလာစေရန် အဓိက လှုပ်ရှားဆောင်ရွက်နေပြီး အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်တင်နိုင်ရန် ပံ့ပိုးကူညီလျက်ရှိသည်။

ပညာရေးဝန်ကြီးဌာနသည် အင်္ဂလိပ်ဘာသာစကားစွမ်းရည် မြင့်မားလာစေရေးအတွက် အခြေခံနှင့်အဆင့်မြင့်မှ ဆရာ၊ ဆရာမအချို့ကို စင်ကာပူနိုင်ငံသို့ ကာလတိုစေလွှတ်၍ သင်တန်းပို့ချမှုများ ဆောင်ရွက်ထားပြီးဖြစ်သည်။

မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများတွင် မူလတန်းအဆင့်မှစ၍ အင်္ဂလိပ်ဘာသာစကား သင်ကြားပို့ချသောစနစ် ကျင့်သုံးနေပြီး တက္ကသိုလ်မှ ဘွဲ့ရရှိသည့်တိုင် နှစ်ပေါင်းများစွာ သင်ယူခဲ့သော်လည်း ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်ဘာသာစကားစွမ်းရည် နိမ့်ကျနေခြင်းကြောင့် အစိုးရက အစီအစဉ်သစ်များ ယခုကဲ့သို့ ဆောင်ရွက်နေခြင်းဖြစ်သည်။

7day Daily
 နိုင်ငံတော်သမ္မတအစီအစဉ်ဖြင့် ဗြိတိန်နိုင်ငံမှ အင်္ဂလိပ်စာ ဆရာ၊ ဆရာမ ၄၅ ဦး သည် ပြည်တွင်းရှိ ပညာရေးကောလိပ်များတွင် ကာလရှည် လာရောက်သင်ကြားပို့ချ မည်ဖြစ်ကြော င်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

အင်္ဂလိပ် ဘာသာစကား သင်ကြားမှုအရည်အသွေး မြှင့်တင်ရန် ပညာရေးကောလိပ် ၂၁ ခု တွင် လာမည့်မေလမှ စတင်၍ အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမဖြစ်လာမည့်သူ များကို အင်္ဂလိပ်ဘာသာစကား သင်ကြားပို့ချမည်ဖြစ်သည်။

““ဗြိတိန်ဝန်ကြီးချုပ်နဲ့ သမ္မတကြီး သဘောတူထားတာလို့ပြောတယ်။ ဒီနှစ် မေလထဲမှာ စဖြစ် မယ်။ ၂ နှစ်၊ သုံးနှစ်လောက် တောက်လျှောက်တွဲပြီးတော့ သင်ပေးနေမှာပေါ့”” ဟု ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်ကပြောသည်။

ဗြိတိန်နိုင်ငံသည် ဗြိတိသျှကောင်စီမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း အင်္ဂလိပ်ဘာသာစကား သင်ကြား၊ သင်ယူမှုစွမ်းရည် မြင့်မားလာစေရန် အဓိက လှုပ်ရှားဆောင်ရွက်နေပြီး အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်တင်နိုင်ရန် ပံ့ပိုးကူညီလျက်ရှိသည်။

ပညာရေးဝန်ကြီးဌာနသည် အင်္ဂလိပ်ဘာသာစကားစွမ်းရည် မြင့်မားလာစေရေးအတွက် အခြေ ခံနှင့် အဆင့်မြင့်မှ ဆရာ၊ ဆရာမအချို့ကို စင်ကာပူနိုင်ငံသို့ ကာလတိုစေလွှတ်၍ သင်တန်း ပို့ချ မှု များ ဆောင်ရွက်ထားပြီးဖြစ်သည်။

မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများတွင် မူလတန်းအဆင့်မှစ၍ အင်္ဂလိပ်ဘာသာစကား သင်ကြားပို့ချသောစနစ် ကျင့်သုံးနေပြီး တက္ကသိုလ်မှ ဘွဲ့ရရှိသည့်တိုင် နှစ်ပေါင်းများစွာ သင်ယူခဲ့သော်လည်း ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်ဘာသာစကားစွမ်းရည် နိမ့်ကျနေခြင်းကြောင့် အစိုးရက အစီအစဉ်သစ်များ ယခုကဲ့သို့ ဆောင်ရွက်နေခြင်းဖြစ်သည်။

7day Daily 

0 comments:

Post a Comment