Monday, January 6, 2014

ကျောက်ခွဲစက် ဝိတ်ဘီးနှင့်ရိုက်မိ၍ အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦး သေဆုံး

ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ အနောက်ဘက် လေးမိုင်ခန့်အကွာ သပြေလှ ကျေးရွာရှိ ကျောက်လုပ် ငန်းခွင် တစ်ခုတွင် ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၂ နာရီကထန်းတပင်မြို့ ပဲပုပ်ကျေးရွာနေ မအေးသက်ခိုင် ၂ဝ နှစ်သည် ကျောက်မှုန့် သယ်ဆောင်ရန် ကျောက်ခွဲစက် အောက်ခြေရှိ ကျောက်သယ်တောင်းကို သွားရောက် မယူစဉ် ကျောက်ခွဲစက် ဝိတ်ဘီးနှင့် မျက်နှာရိုက်မိပြီး ဦးခေါင်းဝဲဘက် ချိုစောင်း ဖူးရောင် ဒဏ်ရာ၊ ယာလက်မောင်း လက်ဖျံဒဏ်ရာ၊ မျက်နှာပြင် ပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

''ကောင်မလေးက ကျောက်မှုန့်သယ်ဖို့ အသွားမှာ ကျောက်ခွဲစက် ဝိတ်ဘီးထဲကို ဆံပင်ညှပ်ပါသွားပြီး ခွဲစက်ဝိတ်ဘီးနဲ့ မျက်နှာကို အကြိမ်ကြိမ် ရိုက်မိသလို ဖြစ်သွားတာပါ။ ဦးခေါင်းဝဲဘက် ချိုစောင်းမှာ သွေးတွေကို ရဲနေတာပဲ''ဟု အဆိုပါ လုပ်ငန်းခွင်တစ်ခုမှ ကျောက်ကျင်း ပိုင်ရှင်ကပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ငူမြို့နယ် ထုံးဘိုနယ်မြေ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၁/၂ဝ၁၄)ဖြင့် ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment