Friday, January 17, 2014

သိန်း ၄၀ တန်စိန်နားကပ်ကို အတုဖြင့် အစားထိုးကာ အိမ်အကူက ခိုးယူဟုဆို

ကျပ်သိန်း ၄၀ တန်သော စိန်းနားကပ်ကို အိမ်အကူက အတုဖြင့်အစားထိုးပြီး ခိုးယူထား သည်ဟု ဆိုကာ ဇန်န၀ါရီ ၁၅ ရက်တွင် အမှုဖွင့် တိုင်တန်းထားသဖြင့် ဗဟန်းရဲစခန်းက စစ်ဆေးဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ အမှုကို ဗိုလ်ချို(၂)ရပ်ကွက်၊ နတ်မောက်လမ်းသွယ် (၁)၊ အမှတ် (၅၀- F) နေ ဒေါက်တာ ဒေါ်ခင်မြကြူ (၇၈)နှစ်က အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။

တရားလိုက ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က နားတွင်ဝတ်ဆင်ထားသည့် ငွေကျပ်သိန်း ၄၀ တန်ဖိုး ရှိသည်ဆိုသော အလေးချိန်ခြောက်ရတီခန့်ရှိ စိန်ဖြူရှစ်ပွင့်စီပါ စိန်းနားကပ်တစ်ရံကို နေအိမ်ခန်းသစ် သား ဗီရိုအတွင်းထည့်၍ အိပ်ရာဝင်ခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် ယခုနှစ် ဇန်န၀ါရီ ၁၅ ရက်တွင် အပြင်သွားရန်အတွက် သိမ်းဆည်းထားသည့် စိန် နားကပ်အားဝတ်ဆင်ရန် ကြည့်ရှုရာ ပုံစံတူ စိန်နားကပ်အတုအား အစားထိုးထားရှိထား သည်ကို တွေ့ရှိသည် ဟု တရားလိုက ရဲထံတွင် ထွက်ဆိုခဲ့သည်။

ထို့ကြောင့် ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၆ ရက်က အိမ်အကူအဖြစ် ခေါ်ထားပြီး အိပ်ခန်းအတွင်း ၀င်ထွက်ခွင့်ပြုထားသူ မဝေေ၀နီ (၄၂)နှစ် နေပြည်တော်နေခဲ့သူက ခိုးယူထားကြောင်း သိရှိရ သည် ဟုလည်း အမှုဖွင့်ရာတွင် ပြောဆိုထားသည်။

အဆိုပါ နားကပ်ပျောက်ဆုံးမှုတွင် အိမ်အကူ အမျိုးသမီးအား ခိုးယူသူအဖြစ် တိုင်တန်းထား သဖြင့် ရဲစ ခန်းက (ပ)၂၄/၂၀၁၄ ဖြင့်အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား စစ်ဆေးနေကာ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ပါက ပုဒ်မ ၃၈၁ ဖြင့် အရေးယူမည်ဟု ရဲတပ်ဖွဲ့က ဆိုထား သည်။

Mizzima - News in Burmese

0 comments:

Post a Comment