Wednesday, January 29, 2014

၁၉၅၅ခုနှစ် အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေ ကိုပြင်ဆင်သည့် ဥပဒေကြမ်း ဆွေးနွေးရန် အဆိုတင်သွင်း

၁၉၅၅ခုနှစ် အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေ ကိုပြင်ဆင်သည့်ဥပဒေကြမ်း လက်ခံဆွေးနွေးရန် အဆိုတင်သွင်းမှုကို ဒုတိယ၀န်ကြီးဦးစိုးတင့်က ပြင်ဆင်ရန်မလိုကြောင်း ပြန်ကြားသည်။


၎င်းအဆိုကို ပထမအကြိမ် ပြည်သူလွှတ်တော် န၀မပုံမှန်အစည်းအဝေး န၀မနေ့ တွင် တင် သွင်း ခဲ့ခြင်းဖြစ်သည်။

အဆိုတင်သွင်းမှုအပေါ်ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးတင့် ကစကားရပ် အသုံးအနှုန်း တစ်ခုတည်းကိုသာ အစားထိုးပြင်ဆင်လိုခြင်းဖြစ်ပြီး ပြင်ဆင်လိုသော"..... လိုအပ်သည်ထက်ပို၍ အင်အားအသုံးမပြုရ"ဆိုသည့်စကားရပ်မှာအကြောင်း အချင်းအရြာ ပသနာ (Issue of fact) ဖြစ်သဖြင့်ဖယ်ရှားရန် အင်အား မည်မျှလိုသည် သို့ မဟုတ် မည်သည့် အင်အားက လိုအပ်သည်ထက်ပိုမိုသည် ဆိုသည်ကို ဆင်ခြင်ဆုံးဖြတ်ရန်မှာ လက်တွေ့ တွင် ခက်ခဲသောကိစ္စရပ်ဖြစ်ပြီးတိကျမှုမရှိဟု သုံးသပ်ကြောင်း ရှင်းလင်းတင်ပြ သည်။

ထို့အပြင် အဆိုပါပြင်ဆင်လိုသည့်အချက်သည် ပြင်ဆင်သည့်ဥပဒေတစ်ရပ်ပြဌာန်း၍ ပြင်ဆင်ရန်လိုအပ်လောက်အောင်အရေးပါခြင်းမရှိဟုသဘောရကြောင်း၊ ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း)အက်ဥပဒေပြင်ဆင်သည့်ဥပဒေကိုမကြာသေးသည့်ကာလဖြစ်သော ၂၀၁၂ခုနှစ် သြဂုတ် ၃၁ ရက်တွင် (၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၁၆ )ဖြင့်လိုအပ်သည့် အချက်အလက်များကိုပြင်ဆင်ခဲ့ပြီးဖြစ်သည်ကို တွေ့ ရှိရကြောင်း ဒုဝန်ကြီးကသဘောထားပြန်ကြားခဲ့သည်။

ပြည်ထောင်စုရှေ့ နေချုပ်ရုံး၏ အကြံပြု ချက်နှင့်အညီ ၁၉၅၅ခုနှစ် အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း)အက်ဥပဒေ ကိုမကြာသေးမိကပြင်ဆင်ခဲ့သဖြင့်အထူးလိုအပ်ခြင်းမရှိဘဲ ထပ်မံပြင်ဆင်ရန်မသင့်ခြင်း၊ယခု ပြင်ဆင်လိုသည့်အချက်မှာလည်းအနှစ်သာရအားဖြင့် များ စွာပြောင်းလဲမှုမရှိခြင်းနှင့်မပြင်ဆင်လျှင်မဖြစ်လောက်အောင် လိုအပ်သည့်အချက်မဟုတ်ခြင်း များကြောင့် ပြင်ဆင်သည့်ဥပဒေတစ်ရပ်ပြဌာန်းပြီး ပြင်ဆင်ရန်မသင့်ပါကြောင်း၎င်းက ရှင်းလင်းတင်ပြခဲ့သည်။

Popular Myanmar News Journal

0 comments:

Post a Comment