Wednesday, January 15, 2014

တရားမဝင် ငါးဖမ်း သင်္ဘောများကြောင့် ကမ်းရိုးတန်း ငါးလုပ်ငန်းရှင်များ ငါးအရနည်း

တရားမဝင် ငါးဖမ်းသင်္ဘောများ များပြားလာမှုကြောင့် ရခိုင်ကမ်းရိုးတန်း ဒေသရှိ ငါးလုပ်ငန်း ရှင် များမှာ ငါးအရနည်းလာပြီး ငါးဖမ်းစက်လှေများတွင် အလုပ် လုပ်ကိုင်ကြသည့် ရေလုပ် သား များ အနေဖြင့် စားဝတ်နေရေး အခက်အခဲများ တွေ့ကြုံနေရကြောင်း သိရသည်။

တရားမဝင် ငါးဖမ်းသင်္ဘောများမှာ ထိုင်းငါးဖမ်း သင်္ဘောနှင့် ရန်ကုန်အခြေစိုက် ငါးဖမ်း သင်္ဘောများ ဖြစ်ကြပြီး အဆိုပါ ငါးဖမ်းသင်္ဘောများမှာ ကမ်းနီးအထိ ငါးဝင်ရောက် ဖမ်းဆီး မှုကြောင့် ကမ်းရိုးတန်း တစ်လျှောက်ရှိ ငါးလုပ်ငန်းရှင်များမှာ ငါးရရှိမှု နည်းပါးလာခြင်း ဖြစ်ကြောင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

''ကမ်းဝေး ငါးဖမ်းသင်္ဘောတွေက ပင်လယ်ကမ်းခြေနဲ့ ရေမိုင်သုံးမိုင် အကွာလောက်ကို ဝင်ဖမ်းတော့ ကမ်းနီး ငါးဖမ်းစက်လှေတွေ ငါးအရ နည်းလာတယ်။ ကမ်းနီးငါးဖမ်း စက်လှေတွေ ငါးအရ နည်းလာတော့ စက်လှေတွေမှာ လုပ်ကိုင် တဲ့ ရေလုပ်သားတွေ စားဝတ်နေရေး အခက်အခဲနဲ့ ကြုံရတာပေါ့'' ဟု ဂွမြို့နယ်မှ ငါးလုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။

ရခိုင်ကမ်းရိုးတန်းဒေသများတွင် နေထိုင်သူများမှာ ငါးဖမ်း လုပ်ငန်း လုပ်ကိုင်ကြသူများဖြစ်ပြီး ယခုနောက်ပိုင်း ကာလများတွင် တရားမဝင် ငါးဖမ်းသင်္ဘောများ ရေပိုင်နက် ကျော်လွန်ပြီး ငါးများဝင်ရောက်ဖမ်းဆီးမှုကြောင့် ဒေသခံများ အနေဖြင့် စားဝတ်နေရေး အခက်အခဲ တွေ့ကြုံနေ ရကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment