Monday, January 20, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေကြောင်းကုန်သွယ်ရေး မတ်လတွင်ပြန်လည် စတင်နိုင်မည်ဟုဆို

Photo: မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေကြောင်းကုန်သွယ်ရေး မတ်လတွင်ပြန်လည် စတင်နိုင်မည်ဟုဆို
Monday, January 20, 2014

ကာလရှည်ကြာစွာရပ်နားထား ခဲ့သော မြန်မာနိုင်ငံနှင့်ဘင်္ဂလား
ဒေ့ရှ်နိုင်ငံတို့၏ ရေကြောင်းကုန် သွယ်ရေးကို လာမည့်မတ်လ အတွင်းပြန်လည်စတင်နိုင်မည်ဟု ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာဘတ် အာမက်ကပြောကြားလိုက်ကြောင်း
ဒေးလီးစတားသတင်းဌာနကယနေ့ ဖော်ပြထားသည်။ နှစ်နိုင်ငံ
ကုန်သွယ်ရေးကိုမြှင့်တင်နိုင်ရန် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်
ရေကြောင်းကုန်သွယ်ရေးကိုပြန် လည်စတင်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားကုန်တင်သင်္ဘော များသွားလာမှုကို လွန်ခဲ့သည့် တစ်နှစ်ကျော်ကခွင့်ပြုခဲ့သော်လည်း
နောက်ပိုင်းတွင် နှစ်နိုင်ငံနိုင်ငံရေး တင်းမာမှုအရရပ်နားခဲ့ရကြောင်း မာဘတ်အာမက်ကပြောကြားသည်။

''အခုချိန်မှာတော့ ကျွန်တော် တို့ဘက်က ဆိပ်ကမ်းတွေမှာ
မြန်မာနိုင်ငံဘက်က ကုန်တင် သင်္ဘောတွေကို ရပ်နားခွင့်ပေးမယ် ဆိုတဲ့အကြောင်း ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပါပြီ''ဟုမာဘတ် အာမက်ကပြောသည်။ မာဘတ် အာမက်အနေဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းမှ အဓိကဆိပ်ကမ်းများ ဖြစ်သော စစ်တကောင်း၊ မန်ဂလာ၊ နာရာရန်ခံနှင့်တက်နက်ဖ်ဆိပ်ကမ်း များကို ရည်ရွယ်ပြောဆိုခြင်းဖြစ် သည်။အဆိုပါဆိပ်ကမ်းများအနက် စစ်တကောင်းဆိပ်ကမ်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သွင်းကုန် ထုတ်ကုန် ၉၂ရာခိုင်နှုန်းကို တာဝန် ယူထားသည့် ဆိပ်ကမ်းတစ်ခုဖြစ် ကြောင်းသိရသည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ တစ်နှစ် တာကုန်သွယ်မှုမှာ အမေရိကန်
ဒေါ်လာသန်း ၁ဝဝခန့်ရှိခဲ့ကြောင်း၊ အဆိုပါပမာဏကိုသန်း ၅ဝဝ ခန့် အထိတိုးမြှင့်ရန် ရည်ရွယ်ထား ကြောင်း သိရသည်။

''ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာရဲ့ လေကြောင်းတိုက်ရိုက်ပျံသန်းမှုကို ဒီဇင်ဘာလမှာ ပြန်လည်စတင်နိုင်ခဲ့ ပါတယ်။ ကျွန်တော်တို့ရဲ့ဒုတိယ ခြေလှမ်းကတော့မြေပြင်ဆက်သွယ် မှုပါပဲ''ဟု အာမက်ကပြောသည်။

The Union Daily
ကာလရှည်ကြာစွာရပ်နားထားခဲ့သော မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ရေကြောင်းကုန် သွယ်ရေးကို လာမည့်မတ်လ အတွင်းပြန်လည်စတင်နိုင်မည်ဟု ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာဘတ် အာမက်ကပြောကြားလိုက်ကြောင်း ဒေးလီးစတား သတင်းဌာနကယနေ့ ဖော်ပြထားသည်။
နှစ်နိုင်ငံကုန်သွယ်ရေးကိုမြှင့်တင်နိုင်ရန် ပင်လယ်ကမ်းရိုးတန်း တစ်လျှောက် ရေကြောင်း ကုန်သွယ်ရေးကိုပြန် လည်စတင်ရန်စီစဉ် ရခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားကုန်တင်သင်္ဘောများ သွားလာမှုကို လွန်ခဲ့သည့် တစ်နှစ်ကျော်က ခွင့်ပြု ခဲ့သော်လည်း နောက်ပိုင်းတွင် နှစ်နိုင်ငံနိုင်ငံရေး တင်းမာမှုအရရပ်နားခဲ့ရကြောင်း မာဘတ် အာမက် ကပြောကြားသည်။

''အခုချိန်မှာတော့ ကျွန်တော် တို့ဘက်က ဆိပ်ကမ်းတွေမှာ မြန်မာနိုင်ငံဘက်က ကုန်တင် သင်္ဘောတွေကို ရပ်နားခွင့်ပေးမယ် ဆိုတဲ့အကြောင်း ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေ ပါပြီ''ဟု မာဘတ် အာမက်ကပြောသည်။ မာဘတ် အာမက်အနေဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းမှ အဓိကဆိပ်ကမ်းများ ဖြစ်သော စစ်တကောင်း၊ မန်ဂလာ၊ နာရာရန်ခံနှင့်တက်နက်ဖ်ဆိပ်ကမ်း များကို ရည်ရွယ်ပြောဆိုခြင်းဖြစ် သည်။အဆိုပါဆိပ်ကမ်းများအနက် စစ်တကောင်းဆိပ်ကမ်း သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သွင်းကုန် ထုတ်ကုန် ၉၂ရာခိုင်နှုန်းကို တာဝန် ယူထားသည့် ဆိပ်ကမ်းတစ်ခုဖြစ် ကြောင်းသိရသည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ တစ်နှစ် တာကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာသန်း ၁ဝဝခန့်ရှိခဲ့ကြောင်း၊ အဆိုပါပမာဏကိုသန်း ၅ဝဝ ခန့် အထိတိုးမြှင့်ရန် ရည်ရွယ်ထား ကြောင်း သိရသည်။

''ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာရဲ့ လေကြောင်းတိုက်ရိုက်ပျံသန်းမှုကို ဒီဇင်ဘာလမှာ ပြန်လည် စတင်နိုင်ခဲ့ ပါတယ်။ ကျွန်တော်တို့ရဲ့ဒုတိယ ခြေလှမ်းကတော့မြေပြင်ဆက်သွယ် မှုပါပဲ''ဟု အာမက်ကပြောသည်။

The Union Daily

0 comments:

Post a Comment