Sunday, January 12, 2014

ကလေးတွင် ပဲကြော်ဖို မီးလောင်

Photo: ကလေးတွင် ပဲကြော်ဖို မီးလောင်
Sunday, January 12, 2014

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အောင်သစ္စာရပ်ကွက် နယ်မြေ (၁၁) ရှိ ဦးကျော်ဝေ ပဲကြော်ဖိုတွင် ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ကလေးခရိုင် မီးသတ် ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးဝေက ပြောကြားသည်။

မီးလောင်မှု မဖြစ်ပွားမီ ယင်းပဲကြော် ဖိုအစောင့်ကို တွေ့ရှိခဲ့သော်လည်း မီးလောင်ချိန်တွင် ထမင်းစား သွားနေသည်ဟု ယူဆကြောင်း၊ ယင်းဒေသခံ ရပ်ကွက်သားများ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ပြီးချိန်မှသာ မီးသတ်ကားများ ရောက်ရှိလာခဲ့ကြောင်း မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောကြားသည်။
“ဘေးမှာက အိမ်တွေ ကပ်နေတယ်။ မီးလောင်နေတဲ့အချိန် လေက အိမ်တွေဘက်ကို မတိုက်ပဲ မီးလောင်နေတဲ့ ခြံဘက်ကိုပဲ ပြန်တိုက်နေလို့ ကျန်တဲ့အိမ်တွေ မီးမကူးတာ” ဟု ၎င်းကဆိုသည်။

ယင်းမီးလောင်မှုကြောင့် ဒဏ်ရာရ သေဆုံးသူနှင့် ပြည်သူပိုင် ပစ္စည်းများ ဆုံးရှုံးမှု မရှိခဲ့သော်လည်း အဆိုပါ ပဲကြော်ဖို တစ်ခုလုံး လောင်ကျွမ်းခဲ့ရသည်ဟု ကလေးခရိုင် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးဝေက ထပ်လောင်း ပြောကြားသည်။

မဆင်မခြင် ပေါ့ဆစွာ မီးလောင်ကျွမ်းမှု ဖြစ်ပွားစေခဲ့သော ပဲကြော်ဖိုပိုင်ရှင် ဦးကျော်ဝေ (၄၈) နှစ်ကို ပထမသတင်းပေး တိုင်ချက် (ပ) ၁၆/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၂၈၅ အရ ကလေးမြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း အဆိုပါစခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မြတ် (ကလေး)
The Voice Weekly

0 comments:

Post a Comment