အမေရိကန် ပြည်ထောင်စု ယူထာပြည်နယ်မှ အသက် ၅၈နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် သမီးဖြစ်သူ အတွက် အငှားကိုယ် ဝန်ဆောင်၍၎င်း၏ ပထမဆုံး မြေးဦး ကလေးကို ကိုယ်တိုင်မွေးဖွားပေးမည်ဟု သိရသည်။
သမီးဖြစ်သူ ဇနီးမောင်နှံမှာ ကလေးမွေးဖွား နိုင်ရန် မျိုးစေ့ အောင်ခြင်း မရှိသောကြောင့် ဂျူလီယာ နာဗာရိုအမည်ရှိ အဆိုပါ မိခင်ဖြစ်သူက သမီးငယ်ကိုယ်စား အငှားကိုယ်ဝန် ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
နာဗာရို၏ သမီးဖြစ်သူလော်ရီ နာမက် ကင်နွန်နှင့် ခင်ပွန်းဖြစ်သူ မီကာ မက်ကင်နွန်တို့ ဇနီးမောင်နှံသည် လွန်ခဲ့သည့် သုံးနှစ်ကျော်မှစ၍ သားသမီးရယူရန် ဆန္ဒရှိခဲ့ပြီး လော်ရီနာသည် မကြာခဏ ကိုယ်ဝန် ပျက် ကျခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။ သူမ၏ သန္ဓေသားမှာ အလွန်ဆုံး သုံးလကျော်သာ ခံပြီး ကိုယ်ဝန် ပျက်ကျခြင်းနှင့် ရင်ဆိုင် ခဲ့ရသည်။
လော်ရီနာတို့ ဇနီးမောင်နှံသည် နည်းပေါင်းစုံနှင့် ကြိုးပမ်းခဲ့ပြီး နောက်မအောင်မြင်သဖြင့် အငှား ကိုယ်ဝန်ဆောင်ရန် နည်းလမ်းကို စဉ်းစားခဲ့သည်။ လော်ရီနာ၏ အစ်မ ဖြစ်သူနှင့် သူငယ်ချင်း တစ်ဦးက အငှားကိုယ်ဝန် ဆောင်ပေးရန် ဆုံးဖြတ် ခဲ့သော်လည်း နောက်ဆုံးတွင် သူမ မိခင်ဖြစ်သူက အငှား ကိုယ်ဝန် ဆောင်ပေးခဲ့သည်။
နာဗာရိုသည် သမီးဖြစ်သူဇနီး မောင်နှံ၏ သန္ဓေသားကို ကိုယ်ဝန် မဆောင်ခင် ဟော်မုန်း စစ်ဆေးခြင်းကို သုံးလကြာ ပြုလုပ်ခဲ့ရသည်။ သူမသည် အသက်အရွယ် ရနေပြီ ဖြစ်သဖြင့် ကိုယ်ဝန်ဆောင်နိုင်ရန် အခွင့်အရေး မှာ ၄၅ ရာခိုင်နှုန်းသာ ရှိကြောင်း ဆရာဝန်များက သတိပေးခဲ့သည်။
သို့သော် နာဗာရိုသည် အငှား ကိုယ်ဝန်ဆောင်ရန် ကျန်းမာရေး ကောင်းမွန်ကြောင်း စစ်ဆေးတွေ့ ရှိသဖြင့် သမီးဖြစ်သူအတွက် အငှား ကိုယ်ဝန်ဆောင် ပေးနိုင်ခဲ့သည်။
ယူထာပြည်နယ်၏ ဥပဒေအရ အငှားကိုယ်ဝန်ဆောင်သူ မိခင်သည် အသက် ၂၁နှစ်နှင့် အထက်ရှိ ရမည်ဖြစ်ပြီး ကလေးတစ်ကြိမ် မွေးဖွားပြီးသူ ဖြစ်ရမည် ဖြစ်သည်။ အငှားကိုယ်ဝန် ဆောင်စေလိုသည့် စုံတွဲသည် လက်ထပ်ပြီး ဖြစ်ရမည့်အပြင် အငှားကိုယ်ဝန် ဆောင်ပေးသည့်သူအား သင့်တင့်သော ငွေ ကြေးထောက်ပံ့မှု ပြုနိုင် ရမည်ဖြစ်သည်။
သာမန်အားဖြင့် အငှားကိုယ် ဝန်ဆောင်ရန် အတွက် စုံတွဲတစ်တွဲသည် အမေရိကန် ဒေါ်လာ ၆ဝဝဝဝ သုံးစွဲရမည် ဖြစ်သော်လည်း လော်ရီနာတို့ ဇနီးမောင်နှံသည် မိခင်ဖြစ်သူ ကိုယ်တိုင် ဆောင်ရွက်ပေး မည်ဖြစ်သည့် အတွက် ကုန်ကျ စရိတ် တစ်ဝက်နီးပါး သက်သာခဲ့သည်။ နာဗာရိုသည် သူမ၏ မြေးဦး မိန်းကလေးငယ်ကို ဖေဖော် ဝါရီလ အစောပိုင်းတွင် မွေးဖွားမည်ဟု သိရသည်။
မြ၀တီ
0 comments:
Post a Comment