ရန်ကုန်တိုင်း၊ သန်လျင်မြို့အတွင်းရှိ ဇာမဏီအင်းဆည် ဧရိယာအတွင်း
ကျရောက်နေသော အိမ်ခြေတစ်ထောင်ကျော်ရှိ ကွမ်းခြံကုန်းကျေးရွာကို နိုဝင်ဘာ ၁
ရက်နောက်ဆုံးထား ဖယ်ရှားရန် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်
ဆည်မြောင်းဦးစီးဌာနတို့က စာထုတ်ပြန်ထားသည်။
“ကွမ်းခြံကုန်းရွာဟောင်းက နှစ် ၂၀ ကျော် ၃၀ လောက်ကတည်းက နေလာတာပါ။ ၁၉၉၄ ခုနှစ်မှာ ဆည်စီမံကိန်းသတ်မှတ်ပြီး ဆည်အကောင်အထည် မဖော်တော့ ရွာသားတွေက
နေမြဲအတိုင်းနေပြီး ထွန်ယက်စားကြတယ်။ ၁၉၉၄ မှာ ကိုယ့်မြေသုံးဧကလောက်ကို ပေ
၄၀၊ ပေ ၆၀ တစ်ကွက် ပြန်ပေးတယ်။ အဲဒီတော့ သားသမီးတွေက နေစရာမရှိတော့ ဒီမြေက
မထွက်ကြဘူး။ နောက်လာမဖယ်ခိုင်းတော့ ဒီမှာပဲနေရာက အခုဖေဖော်ဝါရီ ၁
ရက်နောက်ဆုံးထား ဖယ်ခိုင်းတဲ့စာ ထုတ်တာပါ” ဟု ကွမ်းခြံကုန်းရွာတွင် ၁၉၆၄
ခုနှစ်ကတည်းက နေထိုင်သူ ဒေါ်သန်းစိန်က ပြောကြားသည်။“ကွမ်းခြံကုန်းရွာဟောင်းက နှစ် ၂၀ ကျော် ၃၀ လောက်ကတည်းက နေလာတာပါ။ ၁၉၉၄ ခုနှစ်မှာ ဆည်စီမံကိန်းသတ်မှတ်ပြီး ဆည်အကောင်အထည် မဖော်တော့ ရွာသားတွေက
အဆိုပါရွာ တည်ရှိရာနေရာမှာ ဇာမဏီအင်း ရေလှောင်တမံအတွင်း ဆည်မြောင်း ဦးစီး ဌာနပိုင်မြေတွင် ပါဝင်နေသဖြင့် အခွင့်မရှိဘဲ ကျူးကျော်နေထိုင်နေခြင်းကြောင့် နိုဝင်ဘာ ၁ ရက်တွင် နောက်ဆုံးထားပြောင်းရွှေ့ခြင်း မပြုပါက တည်ဆဲတာတမံ အက်ဥပဒေအရ အရေးယူခြင်းခံရမည်ဟု ထုတ်ပြန်စာတွင် ပါရှိသည်။ ကွမ်းခြံကုန်းရွာကို ၁၉၉၄ ခုနှစ်နောက်ပိုင်း ၂၀၁၃ ခုနှစ် စက်တင်ဘာတွင် တစ်ကြိမ်၊ ၂၀၁၄ ဇန်န၀ါရီ ၁၈ ရက်တွင်တစ်ကြိမ် ရွှေ့ပြောင်းပေးရန် စာထုတ်ခဲ့ခြင်းဖြစ်ပြီး ရွာသားများက ၎င်းတို့၏ စိုက်ပျိုးစားသောက်ရာမြေမှ ရွှေ့ပြောင်းလိုခြင်း မရှိသဖြင့် သမ္မတနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးသို့ ဇန်န၀ါရီ ၂၇ ရက်က လက်မှတ်ရေးထိုးကာ စာတင်ထားသည်ဟု သိရသည်။
“ရွာမြေက အကျယ်ကြီးဆိုတော့ အကွက်ရိုက်ပြီး ပြန်ပေးရင် အစိုးရအတွက် မြေသုံးပုံနှစ်ပုံလောက် ထွက်လာမှာပါ။ ပြန်ပေးတဲ့မြေက လုပ်ကိုင်စားလို့မရတဲ့ နေရာဆိုရင် ဒုက္ခရောက်မယ်။ ကိုယ့်အရပ်နဲ့ ကိုယ့်ဒေသနဲ့တော့ ထမင်းမငတ်အောင် လုပ်စားတတ်တယ်” ဟု အသက် ၅၉ နှစ်ရှိ ကွမ်းခြံကုန်းရွာသူ ဒေါ်ခင်အုန်းမြင့်က ဆိုသည်။
အဆိုပါ ဇာမဏီဆည်ကို သောက်သုံးရေပေးဝေရေးအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သောက်သုံးရေပေးဝေမှုများ လုပ်ဆောင်လျက်ရှိကြောင်း သန်လျင်မြို့နယ်၊ ဆည်မြောင်းဦးစီးဌာနမှ အရာထမ်းတစ်ဦးက ပြောကြားသည်။
“ဇာမဏီဆည် ရေ၀ပ်ဧရိယာထဲမှာ ပါနေတဲ့အတွက် နယ်နိမိတ်ထဲက တာဝန်အရ ဖယ်ရှား ရတာပါ။ ဆည်ကသောက်သုံးရေပေးဖို့ ပထမရည်ရွယ်ချက်နဲ့ ဆောက်ထား တာဖြစ်တော့ သောက်ရေအဆင့် သန့်စင်ဖို့လိုပါတယ်။ လူတွေနေပြီး အညစ်အကြေးတွေ စွန့်တော့ ရေမသန့်တာတွေ ပါလာပါတယ်။ နောက်ပြီး ပထမအကြိမ် ပြောင်းရွှေ့ဖို့ နို့တစ်စာပေးတော့ ရွာမှာအိမ်ခြေ ၆၀၀ လောက်ပဲရှိတာမှာ လပိုင်းအတွင်း နောက်တစ်ကြိမ် နို့တစ်စာပေးတော့ အိမ်ခြေ ၁၄၀၀ ကျော်အထိ တိုးလာပါတယ်။ တချို့ဆို ခြံခတ်ပြီးလူမနေတာတွေတောင် ရှိပါတယ်။ ညွှန်ကြားချက်ကိုလိုက်နာပြီး ပြောင်းမယ်ဆိုရင် ပြောင်းရွှေ့ဖို့ယာဉ်တွေကအစ ကူညီပေးသွားပါမယ်။ မလိုက်နာရင်လည်း ဌာနဆိုင်ရာ ဥပဒေနဲ့ပဲ ဆောင်ရွက်သွားပါမယ်” ဟု ၎င်းကပြောကြားသည်။
ကွမ်းခြံကုန်းကျေးရွာတွင် လက်ရှိအိမ်ခြေ ၁၀၀၀ ကျော်နှင့် လူဦးရေ ၃၀၀၀ ကျော် နေထိုင်လျက် ရှိသည်။
Eleven Media Group
0 comments:
Post a Comment