Monday, January 6, 2014

မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကျပ်ရန်အိန္ဒိယအစိုးရစီစဉ်

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နယ်စပ်တစ်လျှောက်တွင် နယ်စပ် လုံခြုံရေးတပ်ဖွဲ (BSF) များယခုနှစ် ကုန်ပိုင်း၌ချထားရန် အိန္ဒိယပြည် ထဲရေးဝန်ကြီးဌာနက ဆုံးဖြတ် လိုက်ကြောင်း The Hindu သတင်း ဌာန က ယနေ့ဖော်ပြလိုက်သည်။ 
နယ်စပ်ဒေသတစ်လျှောက်၌ လုံခြုံရေးအားနည်းမှုကို အခွင့် ကောင်းယူကာ ဆူပူလှုပ်ရှားသော သောင်းကျန်း သူများ၊ လက်နက်နှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ ကို ကာကွယ်တားဆီးရန် ရည်ရွယ် ၍ လုံခြုံရေးတပ်ဖွဲ့များ ချထားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည်ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ပါကစ္စတန်နယ်စပ်တို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များချထားခဲ့ပြီး နောက် ယခုတစ်ဖန် မြန်မာနယ်စပ် တစ်လျှောက်ကိုလည်း လုံခြုံရေး တပ်ဖွဲ့များဖြင့် ထိန်းချုပ်ရန် စတင် စီစဉ်နေခြင်းဖြစ်သည်။ 

အဆိုပါအစီအစဉ်ကို အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက အတည် ပြုခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးနှင့်ပတ် သက်သည့် အမြင့်ဆုံးဆုံးဖြတ်ချက် များချမှတ်ရာ လုံခြုံရေးကောင်စီ၏ ဝန်ကြီးများ အစည်းအဝေးတွင် ထပ်မံ အတည်ပြုချက်ရယူသွားမည် ဖြစ်ကာယခုနှစ်ကုန်ပိုင်း၌အကောင် အထည်ဖော်မည်ဖြစ်ကြောင်း သိ ရသည်။

''မူအားဖြင့်တော့ မြန်မာနယ် စပ်တစ်လျှောက်လုံခြုံရေးတင်းကျပ် ဖို့ ဆုံးဖြတ်ချက်ချပြီးပါပြီ''ဟု နယ်စပ် လုံခြုံရေး တပ်ဖွဲ့မှ အကြီး တန်းအရာရှိ ဆာဟပ်ဂျိုဆီက သတင်းဌာနများသို့ ပြောသည်။

အဆိုပါလုံခြုံရေးတပ်ဖွဲ့များ ချ ထားမည့်အစီအစဉ်ကို ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ တင်ပြရန်ရှိသော် လည်း ပုံမှန်အတိုင်းအဆင်ပြေချောမွေ့သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ 

ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာ နယ်စပ်တစ်လျှောက် ချထားမည့် လုံခြုံရေး တပ်ဖွဲ့ အင်အားမှာလေး သောင်းခန့်ဖြစ်ကြောင်း သိရ သည်။

အိန္ဒိယ-မြန်မာနယ်စပ် တစ်လျှောက်သည် ကီလိုမီတာ ၁၆၄ဝ ခန့်ရှည်လျားပြီး ထူထပ် သည့်တောအုပ် များနှင့်ကြမ်းတမ်း သည့်ပထဝီအနေအထားကနယ်စပ် ဒေသကို ထိန်းချုပ်ရန် ခက်ခဲစေ နိုင်ကြောင်း၊ လျှို့ဝှက်ထွက်ပေါက် များစွာ ဖြစ်ပေါ်စေနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။၂ဝဝ၂ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသကို အာသံပြည်နယ် ရဲတပ်ဖွဲ့များက တာဝန်ယူခဲ့ပြီး အင်အား ၁ဝဝဝ ခန့်စီပါဝင်သော လုံခြုံရေးစခန်း ၃ဝ ဖြင့် စောင့်ကြပ်ခဲ့ခြင်းဖြစ် သော်လည်း အဆိုပါတာဝန်ယူမှု ကို အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန က ပြောင်းလဲတာဝန်ယူရန် စီစဉ် နေခြင်းဖြစ်သည်။

The Union Daily

0 comments:

Post a Comment