၁) ဦးနှောက်ခြောက်ခြင်း
သင့်ရဲ့ဦးနှောက်ကို ရုပ်မြင်သံကြားအစီအစဉ်တွေထဲ မှာမြင်ရသလို အညိုရောင်အစိုင်အခဲအတုံးကြီးအဖြစ် သင်ထင်နေပါတယ်... ဦးနှောက်ရဲ့ အစိတ်အပိုင်းအများစုကို ရေတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုရင် သင်အံ့သြကောင်း အံ့သြမိသွားနိုင်ပါတယ်... ဦးနှောက် တစ်သျှူးတွေရဲ့ ၈၀% ဟာ အရည်ချည်း သက်သက်ဖြစ်ပါတယ်.. . ဒါကြောင့် သင့်အနေနဲ့ ရေငတ်သလိုဖြစ်လာခဲ့တယ်ဆိုရင် ဦးနှောက် မခြောက်ဖို့ ရေသောက်ဖို့ လိုမယ်ဆိုတာကို သတိပြုနိုင်ပါလိမ့်မယ်....
၂) အကြောက်တရား
တစ်ခုခုကို ထိကိုင်လိုက်တဲ့အခါ... အန္တရာယ်နဲ့ ကြုံတဲ့အခါ... ကြောက်ရွံ့တဲ့အခါတွေမှာ အလျင် အမြန်ပြန်လည်တုံ့ပြန်တ တ်တာကို သင်အံ့သြမိနေပါသလား.. အာရုံကြောထဲမှာ ဖြစ်ပေါ်စီးဆင်းနေတဲ့ electrical signals တွေဟာ တစ်နာရီ ၂၈၀ မီတာ နဲ့အထက်ရောက်လောက်အောင် အလွန် လျင်မြန်စွာ ဖြတ် သန်းသွားလာနေကြပါတယ်... အာရုံကြောဆိုင်ရာ ရောဂါဝေဒနာတွေဟာ ဒီအလျင်နှုန်းကို တစ်နည်းနည်းနဲ့ လျော့ကျစေပါတယ်...
၃) လျှပ်စီး
လူတစ်ယောက်ရဲ့ ခေါင်းပေါ်မှာ မီးသီးလေးလင်းနေတဲ့ပုံမျိုး ကို သိမြင်မှတ်မိကြမယ်ထင်ပါတယ်. .. ဟုတ်ပါတယ်... တကယ့်အဖြစ်ကလည်း အဲ့ဒါနဲ့ သိပ်မကွာပါဘူး... ကျွန်တော်တို့ရဲ့ဦးနှောက်ေ တွဟာ ၁၀ ဗို့အားရှိတဲ့ မီးသီးတွေနဲ့ တူညီတဲ့ လျှပ်စစ်ဓာတ်အားကို အသုံးပြုပါတယ်....
၎) ဦးနှောက်ရဲ့ သိုလှောင်စွမ်းအား
ဦးနှောက်ရဲ့ ဆဲလ်တစ်လုံးချင်းစီဟာ စွယ်စုံကျမ်းတစ်အုပ်စာလောက် နီးပါးရှိတဲ့ အချက်အလက်တွေကို ကိုင်တွယ် မှတ်သားနိုင်စွမ်း ရှိပါတယ်... သိပ္ပံပညာရှင်တွေဟာ ဦးနှောက်ရဲ့မှတ်သားနိုင်စွ မ်းကို အတိအကျ တွက်ချက်နိုင်စွမ်းမရှိကြပါဘူး... ခန့်မှန်းချက်များအရတော့ ဦးနှောက်ရဲ့ သိုလှောင်မှတ်သားနိုင်တဲ့ပမာဏဟာ ၁၀၀ Terabytes လောက်ရှိပြီး ဒီပမာဏဟာ အမျိုးသားစာကြည့်တိုက် ၁၅ ခုမှာရှိတဲ့ အချက်အလက် ပမာဏနဲ့ ညီမျှနေမှာဖြစ်ပါတယ်...
၅) အောက်ဆီဂျင်လိုအပ်ချက်
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ အောက်ဆီဂျင်ကို အသုံးပြုလုပ်ဆောင်တယ်ဆိုတဲ့ အချက်ကိုတော့ ပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ရဲ့သွေးတွေနဲ့ အတူ ဘယ်လောက်ပမာဏအထိ လည်ပတ်နေလဲ ဆိုတာ ကိုတော့ သင်သိမယ်မထင်ပါဘူး... ကျွန်တော်တို့ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ အောက်ဆီဂျင်ရဲ့ ၂၀ % ကိုသာ အသုံးပြုတယ်ဆိုတာ သိရရင် သင်အံ့သြသွားမယ်ထင်ပါတယ်... ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ကိုယ်ခန္ဓာ အလေးချိန်ရဲ့ ၂ % သာရှိပါတယ်... ဒါပေမဲ့ သူ့အတွက် အောက်ဆီဂျင်လိုအပ်ချက်ဟာ တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် များစွာမြင့်မားပါတယ်... ဒါကြောင့် အောက်ဆီဂျင်ပြတ် လပ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ဦးနှောက်တွေဟာ ထိခိုက်အလွယ်ဆုံး အစိတ်အပိုင်းတွေ ဖြစ်နေကြရခြင်းဖြစ် ပါတယ်... ဦးနှောက်ကို ထောက်ပံ့ပေးနေတဲ့ အောက်ဆီဂျင် ၇ စက္ကန့်လောက်ပြတ် လပ် သွားရင် သတိလစ်မေ့မျောသွားနိုင်ပြီး ၄ မိနစ်အထိကြာမယ်ဆိုရင်တော့ အသက်ဆုံးရှုံး သွားနိုင် ပါတယ် ...
၆) ညဦးနှောက်
သင့်အနေနဲ့ နေ့ဘက်အလုပ်လုပ်လေ့ရှိသူပြဲ ဖစ်ဖြစ် ညဘက်အလုပ်လုပ်လေ့ရှိသူပဲဖြစ်ဖြစ် သင့်ဦးနှောက် ဟာ ည ဘက်အခါမှာ လုပ်ဆောင်နိုင်စွမ်းပိုမြင့်မားပါတယ်... ကျွန်တော်တို့ ညဘက်အိပ်နေတဲ့ အချိန်မှာတောင် ဦးနှောက်က သူ့ဘာသာသူ အလုပ်လုပ်ဆောင်နေပါတယ်... အိပ်ပျော်နေတဲ့အချိန် ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ဟာ အများအပြားရှိပါတယ်... သုံးသပ်ချက်တွေအရ ဦးနှောက်ဟာ တစ်နေ ကုန်ဖြစ်ပေါ် ခဲ့တဲ့ အတွေးတွေ... လုပ်ဆောင်ချက်တွေကို ပြန်လည်စိစစ်ပြီး နောက်တစ်နေ့အတွက် အသင့်တော်ဆုံးအနေအထားဖြစ်အောင် သူ့ဘာသာပြင်ဆင်တယ်လို့ သိရပါတယ်...
၇) အိပ်မက်လူသား
သိပ္ပံပညာရှင်တွေက IQ မြင့်တဲ့သူတွေဟာ အိပ်မက်ပိုမက်တယ်လို့ ဆိုကြပါတယ်... တကယ့် အမှန်တရားကတော့ အဲ့လိုမဟုတ်ပါဘူး... အိပ်မက်တစ်ခုစီဟာ တကယ့်တကယ်တော့ ၂ စက္ကန့်ကနေ ၃ စက္ကန့်လောက်ပဲ အများဆုံးကြာပါတယ်... ဦးနှောက်ရဲ့ လှုပ်ရှားတွက်ချက်မှုတွေ မြန်ဆန်နေတာကြောင့် ဒီလောက်အချိန်လေးအတွင်းမှာ အိပ်မက်ရှည်ကြီးတွေအဖြစ် မြင်မက်နေရခြင်းဖြစ်ပါတယ်.. . ကျွန်တော်တို့ အများစုဟာ အိပ်မက်တွေကို မမှတ်မိနိုင်ကြပါဘူး... နိုးခါနီးမက်တဲ့အိပ်မက်လောက်ကိုပဲ သိမြင် မှတ်မိနေကြ ရတာဖြစ်ပါတ ယ်...
-------------------------- -------------------------- -----------
Ref: Interesting Things

သင့်ရဲ့ဦးနှောက်ကို ရုပ်မြင်သံကြားအစီအစဉ်တွေထဲ

0 comments:
Post a Comment