Saturday, January 18, 2014

ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင်မီးကြွင်းမီးကျန်မှတစ်ဆင့်မီးလောင်မှုဖြစ်ပွား

Photo: ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင်မီးကြွင်းမီးကျန်မှတစ်ဆင့်မီးလောင်မှုဖြစ်ပွား
Saturday, January 18, 2014

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်(မြောက်ပိုင်း) (၂၉)ရပ်ကွက် အောင်တံခွန်(၆)လမ်းနှင့် ရဲရန် အောင်လမ်းထောင့်တွင် ယနေ့ မွန်းလွဲ ၂နာရီ မိနစ် ၂ဝခန့်က အိမ်သုံး မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။

''မီးက တိုက်ခံအိမ်ကစလောင် တာပါ။ ဝုန်း ဆိုတဲ့ ပေါက်ကွဲသံနဲ့ အတူ ဒီဘက်ကအိမ်ကိုကူးတာ။စလောင်တဲ့အိမ်က ပစ္စည်းတွေတင် ပြီး ကားမောင်းပြေးသွားတယ်''ဟု ရပ်ကွက်အတွင်းနေထိုင်သူတချို့ က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့နယ် ရဲမှူး၊ မြို့နယ်/ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) စခန်းမှူးဒုရဲမှူးစိုးပိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မီးသတ်ဦးစီးဌာနဦးစီး မှူးထိန်လင်းနှင့် ရပ်ကွက်မှတာဝန် ရှိသူများ ပူးပေါင်းအဖြေရှာရာ အောင်တံခွန်(၆)လမ်းအမှတ်----
ဒေါ်အမာ၏နေအိမ်မှစတင် မီး လောင်ကျွမ်းရာမှ ဘေးချင်းကပ် တစ်ထပ်တိုက်ခံအိမ်သို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

''မီးက ပျဉ်ထောင်အိမ်က စလောင်တာ။ မီးဖိုခုနစ်လုံးတွေ့ ပါတယ်။ သက်သေခံပစ္စည်းတွေ လဲတွေ့ပါတယ်။ လေတိုက်တဲ့ဘက် ကိုကြည့်ရင် သိနိုင်ပါတယ်။ တိုက် ခံအိမ်ဘက်ကို မီးကကူးတော့ မှန် တွေအရည်ပျော်
တာလဲ အတွင်း ဘက်ကို ပျော်ကျလာပါတယ်''ဟု မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးထိန် လင်းက အများပြည်သူတို့အားရှင်း လင်းပြောကြားသည်။

မီးလောင်ရာသို့ မီးသတ်ယာဉ် ၁၅စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊
ရေသယ်ယာဉ်တစ်စီး၊သန္ဓေ ၉၈ဦး၊ အရန်မီးသတ် ၈၄ဦးတို့ လာရောက် မီးငြှိမ်းသတ်သောကြောင့် မွန်းလွဲ ၂နာရီ ၃၈မိနစ်တွင် မီးငြှိမ်းသတ် နိုင်ခဲ့သည်။ ဆုံးရှုံးမှုတန်ဖိုးမှာကျပ် ရှစ်သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရသည် ဟု သိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံမြို့သစ်(မြောက် ပိုင်း)ရဲစခန်းက (ပ)၃ဝ/၂ဝ၁၄ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက် ထားရှိသည်ဟုသိရသည်။

The Union Daily
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်(မြောက်ပိုင်း) (၂၉)ရပ်ကွက် အောင်တံခွန်(၆)လမ်းနှင့် ရဲရန် အောင်လမ်းထောင့်တွင် ယနေ့ မွန်းလွဲ ၂နာရီ မိနစ် ၂ဝခန့်က အိမ်သုံး မီးကြွင်းမီးကျန်မှ တစ် ဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။

''မီးက တိုက်ခံအိမ်ကစလောင် တာပါ။ ဝုန်း ဆိုတဲ့ ပေါက်ကွဲသံနဲ့ အတူ ဒီဘက်ကအိမ်ကိုကူး တာ။ စလောင်တဲ့အိမ်က ပစ္စည်းတွေတင် ပြီး ကားမောင်းပြေးသွားတယ်''ဟု ရပ်ကွက် အတွင်းနေထိုင်သူတချို့ က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့နယ် ရဲမှူး၊ မြို့နယ်/ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) စခန်းမှူးဒုရဲမှူးစိုးပိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မီးသတ်ဦးစီးဌာနဦးစီး မှူးထိန်လင်းနှင့် ရပ်ကွက်မှတာဝန် ရှိသူများ ပူးပေါင်းအဖြေရှာရာ အောင်တံခွန်(၆)လမ်းအမှတ်----
ဒေါ်အမာ၏နေအိမ်မှ စတင် မီး လောင်ကျွမ်းရာမှ ဘေးချင်းကပ် တစ်ထပ်တိုက်ခံအိမ်သို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

''မီးက ပျဉ်ထောင်အိမ်က စလောင်တာ။ မီးဖိုခုနစ်လုံးတွေ့ ပါတယ်။ သက်သေခံပစ္စည်းတွေ လဲတွေ့ပါတယ်။ လေတိုက်တဲ့ဘက် ကိုကြည့်ရင် သိနိုင်ပါတယ်။ တိုက် ခံအိမ်ဘက်ကို မီးကကူးတော့ မှန် တွေအရည်ပျော်တာလဲ အတွင်း ဘက်ကို ပျော်ကျလာပါတယ်''ဟု မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးထိန် လင်းက အများပြည်သူတို့အားရှင်း လင်းပြောကြားသည်။

မီးလောင်ရာသို့ မီးသတ်ယာဉ် ၁၅စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊သန္ဓေ ၉၈ဦး၊ အရန်မီးသတ် ၈၄ဦးတို့ လာရောက် မီးငြှိမ်းသတ်သောကြောင့် မွန်းလွဲ ၂နာရီ ၃၈မိနစ် တွင် မီးငြှိမ်းသတ် နိုင်ခဲ့သည်။ ဆုံးရှုံးမှုတန်ဖိုးမှာကျပ် ရှစ်သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရသည် ဟု သိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံမြို့သစ်(မြောက် ပိုင်း)ရဲစခန်းက (ပ)၃ဝ/၂ဝ၁၄ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက် ထားရှိသည်ဟုသိရသည်။

The Union Daily

0 comments:

Post a Comment