Saturday, January 4, 2014

၁၀တန်းကျောင်းသူအား ၃ရက်အတွင်းဖုန်းဖြင့်ရည်းစားစကားပြောပြီး တွေ့ဆုံ၍ သားမယားပြုကျင့်

 ၁၀တန်းကျောင်းသူတစ်ဦးအား ၃ရက်အတွင်းဖုန်းဖြင့် ရည်းစားစကား ပြောကာ အပြင်တွင် ခေါ်ယူ တွေ့ ဆုံ၍ လက်ထပ်ပေါင်းသင်းမည်ဟုဆိုကာ သားမယားပြုကျင့်ခဲ့သူအားကျာင်းသူ၏မိခင်မှ အမှုဖွင့် တိုင်ကြား ခဲ့ကြောင်းမန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖစ်ပွားပုံမှာ မိတ္တီလာမြို့၊ အထက(---)မှ ကျောင်းသူ မ---အား၊ ပျော်ဘွယ်မြို့နေမောင်------ဟုဆိုသူ က ဖုန်းဖြင့် ရည်းစားစကားပြောဆိုခဲ့ပြီး ၃ရက်ခန့်အကြာတွင် အပြင်မှာ တွေ့ဆုံရန်ချိန်းဆို ခဲ့ကြောင်း အဆိုပါမောင်-----ဆိုသူမှ ဆိုင်ကယ်ဖြင့် လာရောက်ခေါ်ဆောင်သွား ခဲ့ပြီး အင်းကုန်းရပ်ကွက်
အတွင်းရှိ Love Story အအေးဆိုင်မှ အခန်းတစ်ခန်းသို့ခေါ်ဆောင်ကာ လက်ထပ်ယူမည်ဟု ပြောဆို၍ သားမယားအဖြစ် နေထိုင်ခဲ့ပြီးနောက် ကျောင်းသို့ ဆိုင်ကယ်ဖြင့် ပြန်လည် လိုက်ပို့ခဲ့ကြောင်း ရဲမှတ်တမ်း များတွင်ဖော်ပြထားသည်။

အဆိုပါကျောင်းသူမှာ အိမ်သို့ပြန်လာရာတွင် မျက်နှာမကောင်းသဖြင့် မိခင်မှမေးမြန်းရာ ဖြစ်စဉ်အား ရှင်းပြခဲ့ကြောင်းမိခင်ဖြစ်သူမှ မတ္တီလာမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
ထို့ကြောင့်ရဲစခန်းမှ ပြစ်မှုကျူး လွန်သူဟု ယူဆရသူ မောင်--အား (ပ)၁၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၆၃/၃၆၆ အရ အမှုဖွင့်အရေးယူထားကြောင်း တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Popular Myanmar News Journal

0 comments:

Post a Comment