Saturday, January 4, 2014

ပြည့်တန်ဆာမ ၂ ယောက်ကို ငွေပေးငှားပြီး သတ်ပစ်ကာ အလောင်းကောင်နှင့် ကာမဆက်ဆံပြီးနောက် အလောင်းကို တစ်စစီခုတ်ထစ်ပြီး မြေမြှပ်ခဲ့တဲ့ ကျောင်းသား

အသက် ၂၃ နှစ်အရွယ် လီ လို့ ခေါ်တဲ့ ဒီဇိုင်းဘာသာရပ် သင်ယူနေတဲ့ တရုတ်ကျောင်းသား တစ်ယောက် ဟာ ပြည့်တန်ဆာနှစ်ယောက်ကို ကြိုးပေးသတ်ပြီး သူတို့ ရဲ့ အလောင်း တွေနဲ့ လိင်ဆက်ဆံခဲ့တယ် ဆိုတာ အပြစ် ထင်ရှားတဲ့အတွက် အဲဒီ့ကျောင်းသားကို သေဒဏ်ချမှတ်လိုက်ပါတယ်။
ဒါဟာ ဒီတုန်လှုပ်ရွံရှာဖွယ်ရာ အဖြစ်အပျက်ရဲ့ ဇာတ်သိမ်းမဟုတ်သေးပါဘူး။ လီဟာ အဲဒီ့ပြည့်တန်ဆာ နှစ်ယောက်ရဲ့ အလောင်းတွေကို တစ်စီပိုင်းပြီး သူ့ ရဲ့ ပန်းခြံထဲမှာ မြှပ်နှံခဲ့ပါသေးတယ်။
ချန်ချူးပြည်နယ် တက္ကသိုလ်မှာ ဒီဇိုင်းပညာရပ်တက်ရောက်နေတဲ့ လီက ရဲတွေကို ထွက်ဆိုခဲ့ရာမှာ သူဟာ အတန်းချိန်တွေကို ပျက်ကွက်နေခဲ့ပြီး စာထဲစိတ်မ၀င်စားတဲ့အတွက် သူ့ စိတ်ကို ဖြေလျော့မယ့် နည်းလမ်း ကို လိုအပ်နေလို့ အခုလို လုပ်ခဲ့တာပါတဲ့။ သူဟာ ဒီအဖြစ်အပျက်မဖြစ်ခင်ကတည်းက ရုပ်အလောင်း တွေ နဲ့  ကာမဆက်ဆံရတာ နှစ်သက်တဲ့ ရောဂါတစ်မျိုးရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။
လီဟာ ပထမဦးဆုံး အင်တာနက်ကနေ အသက် ၂၀ အရွယ် ပြည့်တန်ဆာတစ်ယောက်ကို ဌားရမ်းခဲ့ပါ တယ်။ နောက် သူမကိုသတ်ပြီး အလောင်းကို ချန်ပင်းမြို့ က သူ့ အိမ်မှာ ဖွက်ထားခဲ့ပြီး သူမရဲ့ ရုပ် အလောင်းနဲ့ ကာမ ဆက်ဆံခဲ့ပါတယ်။ အဲဒီ့လအတွင်းမှာပဲ သူဟာ နောက်ထပ် ပြည့်တန်ဆာတစ်ယောက် ကို ထပ်ဌားရမ်းခဲ့ပြီး ပုံစံ တူပြုလုပ်ခဲ့တယ် လို့ ဆိုပါတယ်။ နောက် သူဟာ အလောင်းတွေကို တစ်စစီ ပိုင်းဖြတ်ပြီး သူ့ ရဲ့ ပန်းခြံထဲမှာ မြှပ်နှံထားခဲ့တာပါ။
ရဲတွေရဲ့ ခြေရာခံလိုက်မှုကနေ လီ ကိုဖမ်းမိခဲ့တာဖြစ်ပြီး ဒီဆိုးရွားတဲ့အပြစ်တွေအတွက် သေဒဏ် ချမှတ် ခဲ့တဲ့ အပြင် သူ့ သားကောင်ဖြစ်ခဲ့ရရှာတဲ့ ပြည့်တန်ဆာမိန်းကလေးနှစ်ယောက်ရဲ့ မိသားစုတွေကိုလည်း လျော်ကြေးငွေ ယွမ် ရှစ်သောင်း ( ပေါင် ၈၀၀၀ ) ပေးဆောင်ဖို့ အမိန့် ချမှတ်ခဲ့ပါတယ်။
Ref: mirror.co.uk
By Trend Myanmar

0 comments:

Post a Comment