Wednesday, January 15, 2014

ပြည်နယ်နှစ်ခုတွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ဖွင့်မည်

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ တို့တွင် အားကစားနှင့် ကာယ ပညာ သိပ္ပံကျောင်းများကို လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ကာ ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း အားကစားဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

အဆိုပါ ကျောင်းများတွင် အားကစားနည်း ၁၀ မျိုးကို ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀၀ ဦးအထိ တက်ရောက် ပညာသင်ကြားနိုင်မည် ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

"ကလေးတွေက ပညာရော၊ အားကစားရော နှစ်မျိုးကြိုးစားရတော့ ပင်ပန်းကြတယ်။ အများကတော့ အားကစားဘက်မှာ ထူးချွန်သွားကြတာ များပါတယ်။ အခုလည်း ၁၀ တန်းအောင် ကျောင်းသား၊ ကျောင်းသူတွေကို B.Sc Sports မေဂျာသစ် အနေနဲ့ ရတနာပုံတက္ကသိုလ်မှာ ဖွင့်လှစ်သင်ကြားပေး နေပြီးတော့ တက်ရောက်နေတဲ့သူ ၅၈ ယောက် ရှိပါတယ်" ဟု မန္တလေးအားကစားနှင့် ကာယပညာ သိပ္ပံကျောင်း ဒုတိယကျောင်းအုပ်ကြီး ဦးမြင့်ခိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ တွင်သာ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း နှစ်ကျောင်းရှိပြီး မန္တလေး အား/ကာ သိပ္ပံတွင် အားကစားနည်း ၂၅ မျိုးကို ကျောင်းသား၊ ကျောင်းသူ ၆၀၀ ဦးခန့် တက်ရောက် ပညာ သင်ကြား လျက် ရှိကြောင်း တောင်ကြီးမြို့တွင် ဖွင့်လှစ်မည့် အား/ကာ သိပ္ပံကျောင်းတွင် ရှမ်းပြည် နယ်နှင့် ကယားပြည်နယ်တို့မှပါ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက် လာစေရန် ရည်ရွယ်ထားကြောင်း ၄င်းက ထပ်မံပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment