Wednesday, January 8, 2014

ညောင်လေးပင်မြို့၌ မိန်ကလေးတဦး ခဲချွန်ဓားဖြင့်သတ်သေ

ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်မြို့ ၊မြို့မ(၂) ရပ်ကွက် ဘောဂလမ်း၌ အမျိုးသမီး တဦး မိမိကိုယ်မိမိ ခဲချွန် ဓါးဖြင့် သတ်သေကြောင်း၊ ဇန်နဝါရီလ(၇)ရက် (၁၄း၃၀)နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သတင်းပေး အကြောင်းကြားသဖြင့် ဘောဂလမ်း မြို့မ(၂)ရပ်ကွက်သို့ ညောင်လေးပင်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသက်လွင်၊ နယ်ထိန်း ခေါင်းဆောင် ရဲအုပ် ဝင်းထွဋ်အောင်၊ တာဝန်မှူး ဒုရဲအုပ် သိန်းအောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇာနည်လင်း နှင့် အဖွဲ့များသွားရောက် စစ်ဆေးရာ မအေးအေးသိန်း (၄၂)နှစ်(ဘ) ဦးပါ သည် မိမိနေအိမ် အောက်ထပ်ဘေး မီးဖိုချောင်တွင် YESS တံဆိပ်ပါ ခဲချွန်ဓါး အသွား (၂)လက်မခန့် ကော်ရိုးတပ် (၃) လက်မ ခန့်ရှိ ခေါက်ဓါးဖြင့် မိမိကိုယ်ကို လည်ပင်းအောက် ဖြတ်ရှဒဏ်ရာ (၃)လက်မ ခန့်ဖြင့်သေဆုံးနေကြောင်းတွေ့ရှိ၍ ညောင်လေးပင် ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ခဲ့သည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ သေဆုံးသူ မအေးအေးသိန်း၏ ခင်ပွန်းဖြစ်သူ ကိုထွန်းထွန်းနိုင် (၄၃)နှစ်အား စစ်ဆေးမေးမြန်းရာ လွန်ခဲ့သည့် (၆)လခန့်က ရင်သား ကင်ဆာရောဂါဖြင့် ရင်သားများ ဖြတ်ထားပြီး ဆေးကုသနေရကြောင်း ယခုပန်းနာ ရင်ကြပ် ရောဂါပါ စွဲနေ သောကြောင့် စိတ်ကျရောဂါ စွဲကပ်နေ၍ မိမိကိုယ် ကို ဓါးဖြင့်လှီးဖြတ် သေဆုံးကြောင်း သိရှိရသည်။ သိုဖြင့်ပါ၍ ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် နှင့်သူတပါး ပယောဂကြောင့် သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေး နိုင်ရန် ဒုရဲအုပ် သိန်းအောင်မှ တရာလို ဖြင့်ပြုလုပ် တိုင်တန်း သဖြင့် ညောင်လေးပင်မြို့မ ရဲစခန်းမှ သေမှု သေခင်း ၁/၂၀၁၄ ဖြင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်းသိရသည်။
The Mirror Daily

0 comments:

Post a Comment