Thursday, January 30, 2014

ရဲတပ်ကြပ်ကြီး ပျောက်ဆုံးမှု နိုင်ငံတကာ သံတမန်များအား အဖြစ်မှန် ရှင်းချိန် ဒုချီးရားတန်း ရွာမှ ဘင်္ဂါလီများ နေအိမ်ကိုပြန်မီးရှို့

ရဲတပ်ကြပ်ကြီးဦးအောင် ကျော်သိန်း ပျောက်ဆုံးနေ မှုနှင့် ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဌာန (ရန်ကုန်)၌ ပြန်ကြားရေး ၀န်ကြီး ဌာနဒုဝန်ကြီးဦးရဲထွဋ် မှအဖြစ်မှန်ကို ဇန်န၀ါရီ ၂၈ရက် တွင် ရှင်း လင်းပြော ကြားနေ စဉ် ယင်းနေ့ ည ၈ နာရီ ၄၅မိနစ်ခန့် တွင် ယင်းရဲ တပ်ကြပ် ကြီးပျောက် ဆုံးနေသော မောင်တောမြို့နယ် ဒုချီးရားတန်းရွာ၌ နေအိမ် မီး လောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြ ကြောင်းကို ဒေသခံများထံမှ သိ ရသည်။

မောင်တောမြို့နယ်နေအိမ် မီးလောင် ကျွမ်းခဲ့သောရွာမှာ ဒု ချီးရားတန်း အနောက်ရွာဖြစ်ပြီး အိမ်ခြေ ၁၆လုံး မီးလောင်ကျွမ်း ခဲ့ကာ ယင်းမီးရှို့ဖြစ်စဉ် သည်လည်း အဆိုပါကျေးရွာ တွင်နေထိုင်သော ဘင်္ဂါလီလူမျိုးများက မိမိနေအိမ် ကို မိမိမီးရှို့ခဲ့ခြင်းဖြစ်ကြောင်းကို မောင်တောမြို့နယ် မီးသတ်ဦးစီး ဌာနမှ ဦးစီးအရာရှိဦးမြင့်နိုင်က ပြောသည်။

““စလောင်တဲ့အိမ်က အဘူ ဆွေယော့အိမ်က စလောင်တာ။မီးရှို့တာကလဲ သူတို့ဘာသာ သူတို့ မီးရှို့တာ။ လုံခြုံရေးရဲတပ်ဖွဲ့တွေ လဲ ထားတာပဲ။ ဒီလိုမျိုးသူတို့တွေ နောက်ထပ် ၀ါဒဖြန့်ချိတာနဲ့ပတ် သက်ပြီး ပဋိပက္ခတွေ ထပ်ပြီးမဖြစ် စေချင်ဘူး””ဟု ယင်းကပြောသည်။

မောင်တောမြို့နယ် အရေး ပေါ် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ““ရခိုင်တွေမီးရှို့တယ် ဆိုတာ လုံးဝမဟုတ်ပါဘူး။

သတင်း တွေ ကောလာဟလတွေ ထွက် နေတာပါ။ သူတို့က အိမ်အောက် မှာ ထင်းပုံပြီး ရှို့သွားကြတာပါ။ခြံစည်းရိုးကအစ လောင်တယ်ဆို တော့ အားလုံး စဉ်းစားကြည့်လို့ရ ပါတယ်””ဟုပြောသည်။

Yangon Media Group

0 comments:

Post a Comment