Thursday, January 30, 2014

ဘူးသီးတောင်မြို့နှင့် မောင်တောမြို့ သွားရာလမ်းတွင် ပုပ်ပွနေသော ရုပ်အလောင်းများ တွေ့ရှိမှုသတင်းမှာ မှန်ကန်မှုမရှိကြောင်း သိရှိရ

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၆ ရက်နေ့ အင်တာနက်စာမျက်နှာများတွင် ““ဘူးသီးတောင်မြို့နှင့် မောင်တောမြို့ သွားရာလမ်းတွင် ပုပ်ပွနေသော ရုပ်အလောင်းများတွေ့ရှိ””ခေါင်းစဉ်ဖြင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှမောင်တောမြို့သို့သွားရာလမ်းဘေးရှိ တပ်မင်းချောင်းကျေး ရွာအနီး ခလရ(၂၃၄) တပ်ပိုင် တောင်ကုန်းပေါ်တွင်ပုပ်ပွနေသော ဘင်္ဂလီ (ခ) ရိုဟင်ဂျာများ၏ ရုပ်အလောင်းများတွ့ရှိခဲ့ကြောင်းဖော်ပြခဲ့ရာ ၎င်းသတင်းနှင့် ပတ်သက်၍ ဖြစ်စဉ် အမှန်အား သိရှိနိုင်ရန် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၊ ဘူးသီးတောင် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသည့်တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ခလရ(၂၃၄)တပ်မှာ ဘူးသီးတောင်-မောင်တောကားလမ်းမြောက်ဘက် (၂)မိုင်ခန့်ဝေးသည့် ဘူးသီးတောင်မှငကျဉ်ကောက်သို့သွားရာလမ်းပေါ်တွင်ရှိပြီး တပ်မင်းချောင်းကျေးရွာမှာ ဘူးသီးတောင်-ငကျဉ်ကောက်လမ်းပေါ်မှ (၁)မိုင်ခွဲခန့်ဝေး ကွာသည့်နေရာတွင် တည်ရှိကြောင်း၊ အင်တာနက်တွင် ဖော်ပြထားမှုများနှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ခလရ(၂၃၄)မှတာဝန်ရှိသူများ၊ တပ်မင်းချောင်းကျေးရွာတာဝန်ခံနှင့် ရပ်မိရပ်ဖများပါဝင်သည့် ပူးပေါင်း အဖွဲ့မှ ခလရ(၂၃၄)နှင့် တစ်ဆက်တည်းရှိ တာင်ကုန်းငယ်အား ရှာဖွေစစ်ဆေးခဲ့ရာ ပုပ်ပွနေသော ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခြင်း မရှိသဖြင့် တပ်မင်းချောင်းကျေးရွာသို့သွားရောက်၍ ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းတွင် ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံမေးမြန်းခဲ့ရာတပ်မင်းချောင်းကျေးရွာနှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြားနေရာ များတွင် အဆိုပါဖြစ်စဉ်မျိုးမရှိကြောင်း သိရှိရသဖြင့် ဘူးသီးတောင်မြို့နှင့် မောင်တောမြို့သွား ရာလမ်းတွင် ပုပ်ပွနေသောရုပ်အလောင်းများတွေ့ရှိမှုသတင်းမှာ မှန်ကန်မှုမရှိကြောင်း သိရှိ ရသည်။

ရဲဇာနည်

0 comments:

Post a Comment