Friday, January 3, 2014

လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သေဒဏ်၊ ထောင်ဒဏ်နှစ် ၄၀ အထက်နှင့် နှစ် ၄၀ အောက်တို့၏ ပြစ်ဒဏ်ကို လျှော့ပေါ့ ကျခံရန် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်


၂၀၁၄ နှစ်ဆန်းပိုင်းတွင် ဦးဆုံးအဖြစ် ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ် ကျခံနေရသည့် သေဒဏ်ချမှတ်ခြင်း ခံရသူများ၊ ထောင်ဒဏ်နှစ် ၄၀ အထက်နှင့် နှစ် ၄၀ အောက် ကျခံနေရသူများ၏ ပြစ်ဒဏ်လျှော့ပေါ့သည့် အမိန့်ကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၄ ဇန်န၀ါရီ ၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ အမိန့်မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခြင်းဖြစ်ပြီး ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော
အကျဉ်းသားများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (က) အရ နိုင်ငံတော်သမ္မတသည် ၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ခရစ်နှစ် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းကဲ့သို့ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို အောက်ပါအတိုင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း၊ သေဒဏ်ချမှတ်ခြင်း ခံရသူများအတွက် ထောင်ဒဏ်တစ်သက်၊ နှစ်အကန့်အသတ်မရှိသို့ ပြောင်းလဲကျခံစေရန်၊ နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက် ကျခံနေရသည့် အကျဉ်းသားများ သေဒဏ်မှ ထောင်ဒဏ် တစ်သက်နှင့် နှစ်အကန့်အသတ်မရှိသို့ လျှော့ပေါ့ကျခံနေသူများ မပါနှင့် ထောင်ဒဏ်နှစ် ၄၀ အထက် ကျခံနေသူများအား ထောင်ဒဏ်နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန်၊ ထောင်ဒဏ်နှစ် ၄၀ နှင့် အောက်ကျခံနေရသော အကျဉ်းသားများအား ယင်းသို့ကျခံနေရသော ထောင်ဒဏ်၏ လေးပုံ တစ်ပုံအား လျှော့ပေါ့ကျခံစေရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Eleven Media Group

0 comments:

Post a Comment