Tuesday, January 14, 2014

ကမ္ဘောဒီးယား အလုပ်သမားပြဿနာ မြန်မာဝင်ဖြေရှင်းပေးရန် တောင်းဆို

Photo: ကမ္ဘောဒီးယား အလုပ်သမားပြဿနာ မြန်မာဝင်ဖြေရှင်းပေးရန် တောင်းဆို
Tuesday, January 14, 2014

၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မြန်မာအစိုးရအနေနှင့် ကမ္ဘောဒီးယား နိုင်ငံတွင် ဇန်နဝါရီ လဆန်းပိုင်းက စတင်ဖြစ်ပွားနေသည့် အလုပ်သမား ဆန္ဒပြမှုများကို ကမ္ဘောဒီးယား အစိုးရက အင်အားသုံး ဖြေရှင်းမှုအပေါ် ညှိနှိုင်းဖြေရှင်းပေးရန် ကမ္ဘောဒီးယားနှင့် အရှေ့တောင်အာရှ အခြေစိုက် လူမှုအဖွဲ့အစည်း အချို့က တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ Micasa ဟိုတယ်တွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ပြုလုပ်သည့် ကမ္ဘောဒီးယား အလုပ်သမားပြဿနာနှင့် အထွေထွေ မပြေလည်မှုများ ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့မှ လူမှုအဖွဲ့အစည်း အချို့က အထက်ပါအတိုင်း တောင်းဆိုခြင်း ဖြစ်သည်။

ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲများ ပြုလုပ်ပြီးစီးသည့် ၂၀၁၂ ခုနှစ် နှစ်လယ်ကာလမှ စတင်သော အထွေထွေ မကျေနပ်မှုများနှင့် အလုပ်သမားများ လုပ်ခလစာ တိုးမြှင့် တောင်းဆိုသည့် ဆန္ဒပြပွဲများကို ဇန်နဝါရီလ ၃ ရက်နေ့တွင် အစိုးရက အင်အားသုံး နှိမ်နင်းမှုကြောင့် လေးဦး သေဆုံးကာ ၃၉ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအပြင် လူ ၂၀ ကျော် ဖမ်းဆီး ခံထားရကြောင်း Cambodia Women Caucus အဖွဲ့မှ Ms.Thida Khus က ပြောကြားသည်။

"အာဆီယံ အသိုက်အဝန်း အတွင်းမှာ ခုလို ဖိနှိပ်အကြမ်းဖက်မှုတွေ ဖြစ်နေတာဟာ ကျန်အဖွဲ့ဝင် နိုင်ငံတွေနဲ့ပါ တိုက်ရိုက် သက်ဆိုင်ပါတယ်။ ဒီအတွက် အာဆီယံဥက္ကဋ္ဌသစ် ဖြစ်တဲ့ မြန်မာအစိုးရကို ဒီပြဿနာတွေ အပေါ် ကမ္ဘောဒီးယား အစိုးရကို ပြောဆိုညှိနှိုင်းဖို့ စာရေး တောင်းဆိုသွား မှာပါ" ဟု Cambodia Asia Pacific Forum on Women Law and Development (APWLD) မှ Ms. Pranom Somwoung က ပြောဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ဖြစ်ပွားသည့် အင်အားသုံးနှိမ်နင်းမှု များတွင် တာဝန်ရှိသူများကို ဖော်ထုတ် အရေးယူရန်၊ လွတ်လပ်သည့် ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ နိုင်ငံရေး မကျေလည်မှုများနှင့် ရွေးကောက်ပွဲ မသမာမှု များကို ဖြေရှင်းဆောင်ရွက်ရန်၊ အလုပ်သမားများ အတွက် အခြေခံ လုပ်ခလစာကို အမေရိကန်ဒေါ်လာ ၁၆၀ သတ်မှတ်ရန် စသည့် တောင်းဆိုချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးရန် မြန်မာအစိုးရ အပါအဝင် အာဆီယံအဖွဲ့ဝင် အစိုးရများနှင့် အလုပ်သမား ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများထံ ဆက်လက်တောင်းဆိုမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ အလုပ်သမား ပြဿနာများ အတွက် မြန်မာနိုင်ငံရှိ အလုပ်သမား သမဂ္ဂ များက ကမ္ဘောဒီးယား သံရုံးရှေ့သို့ သွားရောက်၍ တရားမျှတစွာ ဖြေရှင်း ဆောင်ရွက်ရန်နှင့် ကမ္ဘောဒီးယား အလုပ်သမားထု၏ တောင်းဆိုချက် များကို လိုက်လျောရန် ဆန္ဒထုတ်ဖော် တောင်းဆိုသင့်ကြောင်း ၈၈ မျိုးဆက်တစ်ဦးဖြစ်သူ ဒေါ်သက်သက်မာက မှတ်ချက်ပြုသည်။
"ခုတောင်းဆိုချက် တွေကို ကမ္ဘောဒီးယား အစိုးရက မလိုက်လျောရင် နိုင်ငံတကာက အလုပ်သမား ဆိုင်ရာ အဖွဲ့အစည်း တွေရဲ့ တုံ့ပြန်မှုတွေကို သူတို့ ရင်ဆိုင်ရပါ လိမ့်မယ်" ဟု ၄င်းကဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံ အထည်ချုပ် အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်တောင်းဆိုသည့် ဆန္ဒပြပွဲများကို ကမ္ဘောဒီးယား အစိုးရက ဇန်နဝါရီလ ၃ ရက်နေ့တွင် အင်အားသုံး ဖြေရှင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆန္ဒပြမှုများကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဖြေရှင်းရန် ကုလသမဂ္ဂက တိုက်တွန်း တောင်းဆိုထားသည်။

အာဆီယံဥက္ကဋ္ဌသစ် အဖြစ် ပထမဆုံး တာဝန်ယူမည့် မြန်မာနိုင်ငံအစိုးရ အနေနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ပြဿနာများကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန် သက်ဆိုင်ရာ အစိုးရများကို တိုက်တွန်း တောင်းဆို နိုင်သော်လည်း အာဆီယံ သဘောတူညီချက် အရ ယင်းနိုင်ငံများ၏ ပြည်တွင်းရေး ကိုမူ တိုက်ရိုက်ဝင်ရောက် စွက်ဖက်ခွင့် မရှိကြောင်း နိုင်ငံရေး လေ့လာသူများက ဆိုသည်။

မြန်မာနိုင်ငံအနေနှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် စတင်တာဝန် ယူစဉ် ထိုသို့ တောင်းဆိုခံရသော်လည်း မြန်မာနိုင်ငံ တွင်း၌ပင် အထည်ချုပ်စက်ရုံ အပါအဝင် စက်ရုံအလုပ်ရုံ များမှ အလုပ်သမား ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားနေပြီး အနည်းဆုံး လုပ်ခလစာလည်း တရားဝင်သတ်မှတ်နိုင်ခြင်း မရှိသေးပေ။

The Voice Weekly
၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မြန်မာအစိုးရအနေနှင့် ကမ္ဘောဒီးယား နိုင်ငံတွင် ဇန်နဝါရီ လဆန်းပိုင်းက စတင်ဖြစ်ပွားနေသည့် အလုပ်သမား ဆန္ဒပြမှုများကို ကမ္ဘောဒီးယား အစိုးရက အင်အားသုံး ဖြေရှင်းမှုအပေါ် ညှိနှိုင်းဖြေရှင်းပေးရန် ကမ္ဘောဒီးယားနှင့် အရှေ့တောင်အာရှ အခြေစိုက် လူမှုအဖွဲ့အစည်း အချို့က တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ Micasa ဟိုတယ်တွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ပြုလုပ်သည့် ကမ္ဘောဒီးယား အလုပ်သမားပြဿနာနှင့် အထွေထွေ မပြေလည်မှုများ ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့မှ လူမှုအဖွဲ့အစည်း အချို့က အထက်ပါအတိုင်း တောင်းဆိုခြင်း ဖြစ်သည်။

ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲများ ပြုလုပ်ပြီးစီးသည့် ၂၀၁၂ ခုနှစ် နှစ်လယ်ကာလမှ စတင်သော အထွေထွေ မကျေနပ်မှုများနှင့် အလုပ်သမားများ လုပ်ခလစာ တိုးမြှင့် တောင်းဆိုသည့် ဆန္ဒပြပွဲများကို ဇန်နဝါရီလ ၃ ရက်နေ့တွင် အစိုးရက အင်အားသုံး နှိမ်နင်းမှုကြောင့် လေးဦး သေဆုံးကာ ၃၉ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအပြင် လူ ၂၀ ကျော် ဖမ်းဆီး ခံထားရကြောင်း Cambodia Women Caucus အဖွဲ့မှ Ms.Thida Khus က ပြောကြားသည်။

"အာဆီယံ အသိုက်အဝန်း အတွင်းမှာ ခုလို ဖိနှိပ်အကြမ်းဖက်မှုတွေ ဖြစ်နေတာဟာ ကျန်အဖွဲ့ဝင် နိုင်ငံတွေနဲ့ပါ တိုက်ရိုက် သက်ဆိုင်ပါတယ်။ ဒီအတွက် အာဆီယံဥက္ကဋ္ဌသစ် ဖြစ်တဲ့ မြန်မာအစိုးရကို ဒီပြဿနာတွေ အပေါ် ကမ္ဘောဒီးယား အစိုးရကို ပြောဆိုညှိနှိုင်းဖို့ စာရေး တောင်းဆိုသွား မှာပါ" ဟု Cambodia Asia Pacific Forum on Women Law and Development (APWLD) မှ Ms. Pranom Somwoung က ပြောဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ဖြစ်ပွားသည့် အင်အားသုံးနှိမ်နင်းမှု များတွင် တာဝန်ရှိသူများကို ဖော်ထုတ် အရေးယူရန်၊ လွတ်လပ်သည့် ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ နိုင်ငံရေး မကျေလည်မှုများနှင့် ရွေးကောက်ပွဲ မသမာမှု များကို ဖြေရှင်းဆောင်ရွက်ရန်၊ အလုပ်သမားများ အတွက် အခြေခံ လုပ်ခလစာကို အမေရိကန်ဒေါ်လာ ၁၆၀ သတ်မှတ်ရန် စသည့် တောင်းဆိုချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးရန် မြန်မာအစိုးရ အပါအဝင် အာဆီယံအဖွဲ့ဝင် အစိုးရများနှင့် အလုပ်သမား ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများထံ ဆက်လက်တောင်းဆိုမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ အလုပ်သမား ပြဿနာများ အတွက် မြန်မာနိုင်ငံရှိ အလုပ်သမား သမဂ္ဂ များက ကမ္ဘောဒီးယား သံရုံးရှေ့သို့ သွားရောက်၍ တရားမျှတစွာ ဖြေရှင်း ဆောင်ရွက်ရန်နှင့် ကမ္ဘောဒီးယား အလုပ်သမားထု၏ တောင်းဆိုချက် များကို လိုက်လျောရန် ဆန္ဒထုတ်ဖော် တောင်းဆိုသင့်ကြောင်း ၈၈ မျိုးဆက်တစ်ဦးဖြစ်သူ ဒေါ်သက်သက်မာက မှတ်ချက်ပြုသည်။
"ခုတောင်းဆိုချက် တွေကို ကမ္ဘောဒီးယား အစိုးရက မလိုက်လျောရင် နိုင်ငံတကာက အလုပ်သမား ဆိုင်ရာ အဖွဲ့အစည်း တွေရဲ့ တုံ့ပြန်မှုတွေကို သူတို့ ရင်ဆိုင်ရပါ လိမ့်မယ်" ဟု ၄င်းကဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံ အထည်ချုပ် အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်တောင်းဆိုသည့် ဆန္ဒပြပွဲများကို ကမ္ဘောဒီးယား အစိုးရက ဇန်နဝါရီလ ၃ ရက်နေ့တွင် အင်အားသုံး ဖြေရှင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆန္ဒပြမှုများကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဖြေရှင်းရန် ကုလသမဂ္ဂက တိုက်တွန်း တောင်းဆိုထားသည်။

အာဆီယံဥက္ကဋ္ဌသစ် အဖြစ် ပထမဆုံး တာဝန်ယူမည့် မြန်မာနိုင်ငံအစိုးရ အနေနှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ပြဿနာများကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန် သက်ဆိုင်ရာ အစိုးရများကို တိုက်တွန်း တောင်းဆို နိုင်သော်လည်း အာဆီယံ သဘောတူညီချက် အရ ယင်းနိုင်ငံများ၏ ပြည်တွင်းရေး ကိုမူ တိုက်ရိုက်ဝင်ရောက် စွက်ဖက်ခွင့် မရှိကြောင်း နိုင်ငံရေး လေ့လာသူများက ဆိုသည်။

မြန်မာနိုင်ငံအနေနှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် စတင်တာဝန် ယူစဉ် ထိုသို့ တောင်းဆိုခံရသော်လည်း မြန်မာနိုင်ငံ တွင်း၌ပင် အထည်ချုပ်စက်ရုံ အပါအဝင် စက်ရုံ အလုပ်ရုံ များမှ အလုပ်သမား ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားနေပြီး အနည်းဆုံး လုပ်ခလစာ လည်း တရားဝင်သတ်မှတ်နိုင်ခြင်း မရှိသေးပေ။

The Voice Weekly

0 comments:

Post a Comment