Monday, January 20, 2014

ဖုန်းထောက်လှမ်းရေး အစီအစဉ်များကို ဥပဒေနှင့်အညီ လုပ်ဆောင်ရန် ဥရောပသမဂ္ဂ တောင်းဆို

Photo: ဖုန်းထောက်လှမ်းရေး အစီအစဉ်များကို ဥပဒေနှင့်အညီ လုပ်ဆောင်ရန် ဥရောပသမဂ္ဂ တောင်းဆို
Monday, January 20, 2014

အမေရိကန် ပြည်ထောင်စုရှိ ပြည်တွင်း ဖုန်းထောက်လှမ်းရေး အစီအစဉ်များ ပြောင်းလဲသွားမည် ဟူသော ဘားရက် အိုဘားမား၏ ကတိပြု ပြောကြားချက်သည် မှန်ကန်သည့် ဦးတည်ချက် တစ်ရပ် ဖြစ်သော်လည်း ယင်းကိစ္စရပ်ကို ဥပဒေနှင့် အညီ လုပ်ဆောင်ရန် ဥရောပသမဂ္ဂ အဖွဲ့က တောင်းဆိုခဲ့ကြောင်း သိရ သည်။

အိုဘားမားသည် ပြည်တွင်းဖုန်း ထောက်လှမ်းရေးအစီအစဉ်များကို ပြောင်းလဲရန် ဇန်နဝါရီ ၁၇ ရက်က အဆိုပြု ခဲ့သော်လည်း အစီအစဉ် အများအပြားကို အကြမ်းဖက် တိုက်ခိုက်မှုများ ကာကွယ်ရန် အတွက် ဆက်လက် လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း ၎င်းက အတည်ပြု ပြောကြားခဲ့သည်။

အိုဘားမား၏ ကတိပြု ပြောကြားချက်သည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ် နိုင်ငံများ အကြား အက်ဒ် ဝပ်စနိုဒန်၏ ဖွင့်ဟ ထုတ်ဖော် ပြောကြားချက် ကြောင့် ပေါက်ကြား ခဲ့ရသည့် အမေရိကန် လျှို့ဝှက်ထောက် လှမ်းရေး အေဂျင်စီနှင့် ပတ်သက်သော အငြင်းပွားမှုများကို လျော့ပါးစေနိုင်ဖွယ် ရှိသည်ဟု သိရသည်။ အမေရိကန် အစိုးရ၏ လျှို့ဝှက် ထောက်လှမ်း မှုများသည် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာမာကယ် အား အကြီးအကျယ် အမျက်ဒေါသ ထွက်စေခဲ့သည်ဟု ဖော်ပြချက်များ အရ သိရသည်။

မြ၀တီ
အမေရိကန် ပြည်ထောင်စုရှိ ပြည်တွင်း ဖုန်းထောက်လှမ်းရေး အစီအစဉ်များ ပြောင်းလဲ သွား မည် ဟူသော ဘားရက် အိုဘားမား၏ ကတိပြု ပြောကြားချက်သည် မှန်ကန်သည့် ဦးတည် ချက် တစ်ရပ် ဖြစ်သော်လည်း ယင်းကိစ္စရပ်ကို ဥပဒေနှင့် အညီ လုပ်ဆောင်ရန် ဥရောပသမဂ္ဂ အဖွဲ့က တောင်းဆိုခဲ့ကြောင်း သိရသည်။
အိုဘားမားသည် ပြည်တွင်းဖုန်း ထောက်လှမ်းရေးအစီအစဉ်များကို ပြောင်းလဲရန် ဇန်နဝါရီ ၁၇ ရက်က အဆိုပြု ခဲ့သော်လည်း အစီအစဉ် အများအပြားကို အကြမ်းဖက် တိုက်ခိုက်မှုများ ကာကွယ်ရန် အတွက် ဆက်လက် လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း ၎င်းက အတည်ပြု ပြောကြားခဲ့သည်။

အိုဘားမား၏ ကတိပြု ပြောကြားချက်သည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ် နိုင်ငံများ အကြား အက်ဒ် ဝပ်စနိုဒန်၏ ဖွင့်ဟ ထုတ်ဖော် ပြောကြားချက် ကြောင့် ပေါက်ကြား ခဲ့ရသည့် အမေရိကန် လျှို့ဝှက်ထောက် လှမ်းရေး အေဂျင်စီနှင့် ပတ်သက်သော အငြင်းပွားမှုများကို လျော့ပါးစေနိုင်ဖွယ် ရှိသည်ဟု သိရသည်။ အမေရိကန် အစိုးရ၏ လျှို့ဝှက် ထောက်လှမ်း မှုများသည် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်အား အကြီးအကျယ် အမျက်ဒေါသ ထွက်စေ ခဲ့ သည်ဟု ဖော်ပြချက်များ အရ သိရသည်။

မြ၀တီ

0 comments:

Post a Comment