Monday, January 20, 2014

ရိုးမ- ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ပြိုင်ပွဲတွင် မြန်မာ နိုင်ငံသားများ ဆုတံဆိပ် အများဆုံး ဆွတ်ခူး

Photo: ရိုးမ- ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် ပြိုင်ပွဲတွင် မြန်မာ နိုင်ငံသားများ ဆုတံဆိပ် အများဆုံး ဆွတ်ခူး
Monday, January 20, 2014

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် ရိုးမ- ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ အိမ်ရှင် မြန်မာ နိုင်ငံ သားများက ဆုတံဆိပ် အများဆုံး ဆွတ်ခူး ရရှိသွားခဲ့သည်။

ရိုးမ- ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန် အားကစား ပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီတွင် သုဝဏ္ဏ အားကစား ပြိုင်ပွဲရုံ (၁)မှ စတင် တာလွှတ်ခဲ့သည်။

မာရသွန် အားကစား နည်းသုံးမျိုးဖြင့် ယှဉ်ပြိုင် ကစားခဲ့ပြီး အဆို ပါကစားနည်း သုံးမျိုးမှာ ၄၂ကီလိုမီတာ အပြည့် မာရသွန်၊ ၂၁ ကီလိုမီတာ တစ်ဝက် မာရသွန်နှင့် ၅ ကီလိုါ် မာရသွန်ပြိုင်ပွဲမှ မီတာ အပျော်တမ်း အပြေးပြိုင်ပွဲ တို့ဖြစ်ကြောင်း သိရသည်။

၄၂ ကီလိုမီတာ အမျိုးသားပြိုင်ပွဲတွင် ကင်ညာနိုင်ငံသား Joseph Gitau Kariuki က ပထမဆု၊ မြန်မာနိုင်ငံမှ ကိုဝေလင်းထွန်းက ဒုတိယဆု၊ မြန်မာနိုင်ငံမှ ကိုစိုးနိုင် က တတိယဆုများ အသီးသီးရရှိ သွားခဲ့သည်။

၄၂ ကီလိုမီတာ အမျိုးသမီးပြိုင် ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံမှ ဆု တံဆိပ်အားလုံးအားဆွတ်ခူးသွားခဲ့ ပြီး အဆိုပါဆုများအား မြင့်မြင့် အေးက ပထမဆု၊ နီလာဆန်းက ဒုတိယဆု၊ သီတာချိုက တတိယဆု အသီးသီးဆွတ်ခူးရရှိသွားခဲ့သည်။

၂၁ ကီလိုမီတာ အမျိုးသားပြိုင် ပွဲတွင်လည်း ပထမဆုနှင့် ဒုတိယ ဆုများအား ကင်ညာနိုင်ငံ သားများမှ ဆွတ်ခူး ရရှိသွားခဲ့ပြီး အိမ်ရှင် မြန်မာနိုင်ငံမှ ကိုဆန်းနိုင် တစ်ဦးသာ တတိယ ဆုအား ဆွတ်ခူး သွားနိုင်ခဲ့သည်။

၂၁ ကီလိုမီတာ အမျိုးသမီး ပြိုင်ပွဲတွင်လည်း ကင်ညာနိုင်ငံမှ Mary Wangui Kiguru က ပထမဆု၊ မြန်မာနိုင်ငံမှ မဖြူဝါသက်က ဒုတိယဆု၊ မြန်မာနိုင်ငံမှ ခင်မာစိုးက တတိယဆု အသီးသီး ရရှိ သွားခဲ့သည်။

ရိုးမ- ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် First Myanmar Investment Co.,Ltd. တို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၄ဝကျော်မှ အားကစား သမားပေါင်း ၃ဝဝဝ နီးပါးခန့် ပါဝင်ယှဉ် ပြိုင်ကစား ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲ အမျိုးအစားများ ဖြစ်သည့် ၄၂ကီလိုမီတာနှင့် ၂၁ကီလိုမီတာ နှစ်ခုလုံးတွင် ပထမဦးဆုံး ပန်းဝင်သည့် အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦးတို့အား ငွေသား ဆုများ ချီးမြှင့် ပေးအပ်ခဲ့သည်။ အဆိုပါဆု များအား အောင်ပွဲ ရရှိခဲ့သည့် ကစားသမား များမှ ပရဟိတ အဖွဲ့အစည်း သုံးခုဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းခွဲမှ ဦးစီးသည့် နေ့ကလေး ထိန်းကျောင်း၊ သုခရိပ်မြုံ လူငယ် ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာနှင့် မုံရွာမိဘမဲ့ ဂေဟာတို့အား ပေးအပ် လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။ 

ကံထူး
မြ၀တီ
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် ရိုးမ- ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ အိမ်ရှင် မြန်မာ နိုင်ငံ သားများက ဆုတံဆိပ် အများဆုံး ဆွတ်ခူး ရရှိသွားခဲ့သည်။

ရိုးမ- ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန် အားကစား ပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီတွင် သုဝဏ္ဏ အားကစား ပြိုင်ပွဲရုံ (၁)မှ စတင် တာလွှတ်ခဲ့သည်။

မာရသွန် အားကစား နည်းသုံးမျိုးဖြင့် ယှဉ်ပြိုင် ကစားခဲ့ပြီး အဆို ပါကစားနည်း သုံးမျိုးမှာ ၄၂ ကီလိုမီတာ အပြည့် မာရသွန်၊ ၂၁ ကီလိုမီတာ တစ်ဝက် မာရသွန်နှင့် ၅ ကီလိုါ် မာရသွန်ပြိုင်ပွဲ မှ မီတာ အပျော်တမ်း အပြေးပြိုင်ပွဲ တို့ဖြစ်ကြောင်း သိရသည်။

၄၂ ကီလိုမီတာ အမျိုးသားပြိုင်ပွဲတွင် ကင်ညာနိုင်ငံသား Joseph Gitau Kariuki က ပထမဆု၊ မြန်မာနိုင်ငံမှ ကိုဝေလင်းထွန်းက ဒုတိယဆု၊ မြန်မာနိုင်ငံမှ ကိုစိုးနိုင် က တတိယ ဆုများ အသီးသီးရရှိ သွားခဲ့သည်။

၄၂ ကီလိုမီတာ အမျိုးသမီးပြိုင် ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံမှ ဆု တံဆိပ်အားလုံးအား ဆွတ်ခူး သွားခဲ့ ပြီး အဆိုပါဆုများအား မြင့်မြင့် အေးက ပထမဆု၊ နီလာဆန်းက ဒုတိယဆု၊ သီတာချိုက တတိယဆု အသီးသီးဆွတ်ခူးရရှိသွားခဲ့သည်။

၂၁ ကီလိုမီတာ အမျိုးသားပြိုင် ပွဲတွင်လည်း ပထမဆုနှင့် ဒုတိယ ဆုများအား ကင်ညာနိုင်ငံ သားများမှ ဆွတ်ခူး ရရှိသွားခဲ့ပြီး အိမ်ရှင် မြန်မာနိုင်ငံမှ ကိုဆန်းနိုင် တစ်ဦးသာ တတိယ ဆုအား ဆွတ်ခူး သွားနိုင်ခဲ့သည်။

၂၁ ကီလိုမီတာ အမျိုးသမီး ပြိုင်ပွဲတွင်လည်း ကင်ညာနိုင်ငံမှ Mary Wangui Kiguru က ပထမဆု၊ မြန်မာနိုင်ငံမှ မဖြူဝါသက်က ဒုတိယဆု၊ မြန်မာနိုင်ငံမှ ခင်မာစိုးက တတိယဆု အသီးသီး ရရှိ သွားခဲ့သည်။

ရိုးမ- ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် First Myanmar Investment Co.,Ltd. တို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၄ဝကျော်မှ အားကစား သမားပေါင်း ၃ဝဝဝ နီးပါးခန့် ပါဝင်ယှဉ် ပြိုင်ကစား ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲ အမျိုးအစားများ ဖြစ်သည့် ၄၂ကီလိုမီတာနှင့် ၂၁ကီလိုမီတာ နှစ်ခုလုံးတွင် ပထမဦးဆုံး ပန်းဝင်သည့် အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦးတို့အား ငွေသား ဆုများ ချီးမြှင့် ပေးအပ်ခဲ့ သည်။ အဆိုပါဆု များအား အောင်ပွဲ ရရှိခဲ့သည့် ကစားသမား များမှ ပရဟိတ အဖွဲ့အစည်း သုံးခုဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းခွဲမှ ဦးစီးသည့် နေ့ကလေး ထိန်းကျောင်း၊ သုခရိပ်မြုံ လူငယ် ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာနှင့် မုံရွာမိဘမဲ့ ဂေဟာတို့အား ပေးအပ် လှူဒါန်း သွားမည်ဖြစ်ကြော င်း သိရသည်။ 

ကံထူး
မြ၀တီ

0 comments:

Post a Comment