Friday, January 17, 2014

အငှားယာဉ်မောင်းမှ ခရီးသည်၏ ငွေကျပ် ၂၃၃ သိန်း တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ယူငင်ထွက်ပြေး

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံ အဝေးပြေး ကားဝင်းအတွင်း၌ ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီက ခင်သန်းကြည် ၄၅ နှစ် တိုက်(၁) အခန်း(၁) ရေတာရှည် လမ်းဟောင်း ကြားတောရ
ရပ်ကွက် ဗဟန်းမြို့နယ် နေသူသည် ညီမဖြစ်သူ မြသင်းကြည်၊ တူဖြစ်သူ မောင်သန့်အောင်တို့နှင့် အတူ မန္တလေးမြို့သို့ သွားရန် နေအိမ်ရှေ့မှ တက္ကစီ တစ်စီးအား ငှားပြီး မင်္ဂလာဒုံ အဝေးပြေး ကားဝင်း အတွင်းရှိ မြတ်မန္တလာထွန်း ကားဂိတ်သို့ ထွက်လာခဲ့ရာ ည ၈ နာရီ ၄၅ မိနစ်တွင် ကားဂိတ်သို့ ရောက်၍ ပစ္စည်းများချပြီး ကားခငွေကျပ် ၆ဝဝဝ အား ပေးရန် ကားနောက်ခန်းတွင် တင်ထားသော အမျိုးသမီးသုံး ခဲရောင်ပိုက်ဆံအိတ် အတွင်းမှ ပိုက်ဆံအိတ် အသေးအား ထုတ်ယူပြီး ကားခပေးစဉ် ယာဉ်မောင်းမှ ပိုက်ဆံယူပြီး ကားအမြန် မောင်းနှင် ထွက်သွားခဲ့ပြီး ၎င်းနှင့်အတူ ငွေကျပ် ရှစ်သိန်း၊ ကြိုးလိမ် ရွှေလက်ကောက် သုံးကွင်း တန်ဖိုးငွေကျပ် သိန်း ၆ဝ၊ တစ်ကျပ်သားခန့်ရှိ ရွှေကလစ်တစ်ခု တန်ဖိုးငွေကျပ် ခြောက်သိန်း၊ ငါးရုပ်နှင့်နဂါးရုပ် လေးထောင့်ဆွဲသီးပါ စောင်းလျားသီးပုံ ရွှေဆွဲကြိုး တစ်ကုံး တန်ဖိုးငွေကျပ် သိန်း ၃ဝ၊ တြိဂံပုံ ဆွဲသီးတစ်ခုပါ ငါးရိုးပုံ ဆွဲကြိုးတစ်ကုံး တန်ဖိုးငွေကျပ် သိန်း ၂ဝ၊ ရွှေခြေချင်းတစ်ခု တန်ဖိုးငွေကျပ် ခြောက်သိန်း ၊ လေးထောင့်ပုံ ရွှေလက်ကောက် တစ်ကွင်း တန်ဖိုးငွေကျပ် ၁၆ သိန်း၊ကျောက်စီပတ္တမြား လက်ကောက် တစ်ကွင်း တန်ဖိုးငွေကျပ် ၁ဝ သိန်း၊ စပျစ်သီးပုံ ပတ္တမြားဆွဲသီးတစ်ခု တန်ဖိုးငွေကျပ် သုံးသိန်း၊ စိန်လက်စွပ်သုံးကွင်း တန်ဖိုးငွေကျပ် ၆၄ သိန်း၊ စိန်လောကပ်သီး တစ်လုံး တန်ဖိုးငွေကျပ် ၁ဝ သိန်း စုစုပေါင်း တန်ဖိုးငွေကျပ် ၂၃၃ သိန်း ပါသွား ခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မင်္ဂလာဒုံမြို့မရဲစခန်းမှ (ပ)၂၁/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၇၉ဖြင့် ယမန်နေ့ နံနက်ပိုင်းက အမှုဖွင့်ကာ တရားခံ ဖမ်းဆီးရမိရေး စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment