Friday, January 17, 2014

အမျိုးသားထိုင်လျက်ဘော်လီဘောပြိုင်ပွဲ မြန်မာအသင်းက ထိုင်းအသင်းကို သုံးပွဲပြတ်အနိုင်ရကာ ဗိုလ်လုပွဲတက်

နေပြည်တော်တွင် ကျင်းပပြုလုပ်လျက်ရှိသော အာဆီယံမသန်စွမ်း အမျိုးသားထိုင်လျက် ဘော်လီဘော ပြိုင်ပွဲ၌ မြန်မာအသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် ထိုင်းကို သုံးပွဲပြတ် အနိုင်ရကာ ဗိုလ်လုပွဲတက် ရောက်နိုင်ခဲ့ပြီဖြစ်သည်။

မြန်မာအသင်းသည် ဒုတိယပွဲစဉ်၏ပထမပွဲအဖြစ် ကမ္ဘောဒီးယားအသင်းနှင့် ကစားခဲ့ရာ သုံးပွဲ၊ နှစ်ပွဲဖြင့် အနိုင်ရခဲ့ပြီး ဒုတိယပွဲတွင် ထိုင်းကို သုံးပွဲပြတ်အနိုင်ရခဲ့သည်။ မသန်စွမ်းဆီးဂိမ်းအမျိုးသား ထိုင်လျက် ဘော်လီဘောပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားအသင်းတို့ ကစားနေပြီး အုပ်စုပတ်လည် နှစ်ကျော့စနစ်ဖြင့် ကစားရမည်ဖြစ်ကာ မြန်မာအသင်းက ကမ္ဘောဒီးယားနှင့် ဒုတိယအကျော့ ပွဲစဉ်ကစား ရန် ကျန်ရှိနေသေးသော်လည်း သုံးပွဲကစား၊ သုံးပွဲနိုင်ရလဒ်ကြောင့် ဗိုလ်လုပွဲတက်နိုင်ခဲ့ခြင်းဖြစ် သည်။

“ထိုင်းနဲ့ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့ပါတယ်။ ဖိုင်နယ်မှာဘယ် အသင်းနဲ့ပဲတွေ့တွေ့ အနိုင်ယူပြီး ရွှေတံဆိပ်အရယူမှာပါ”ဟု မြန်မာအသင်းနည်းပြ ဦးဝင်းကြည်က ဆိုသည်။

မြန်မာကစားသမားကိုဇော်မိုးဦးကလည်း “ဗိုလ်လုပွဲမှာ ထိုင်းနဲ့ပြန်တွေ့ချင်တယ်။ ပြီးခဲ့တဲ့ဆီးဂိမ်းက သူတို့ကို ရှုံးထားတဲ့အတွက် ရှုံးကြွေးပြန်ဆပ်ချင်တယ်” ဟု ဆိုသည်။ အမျိုးသားထိုင်လျက် ဘော်လီ ဘော ဗိုလ်လုပွဲစဉ်ကို ဇန်န၀ါရီ ၁၉ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်၊ ၀ဏ္ဏသိဒ်္ဓိအားကစားရုံ (က) တွင် ကျင်းပမည် ဖြစ်သည်။

Mizzima

0 comments:

Post a Comment