Monday, January 20, 2014

ရန်ကုန်တက္ကသိုလ် ကာယဗလမောင်နှင့် အလှမယ်ရွေးချယ်

Photo: ရန်ကုန်တက္ကသိုလ် ကာယဗလမောင်နှင့် အလှမယ်ရွေးချယ်
Monday, January 20, 2014

ရန်ကုန်တက္ကသိုလ် ၂၀၁၃-၂၀၁၄ ပညာ သင်နှစ် ကာယဗလမောင်၊ ကာယအလှမယ် ပြိုင် ပွဲနှင့် Mr.Yangon University & Miss Yangon University ရွေးချယ်ပွဲကို ဇန်န၀ါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ (RC)၌ ကျင်းပသည်။

ရှေးဦးစွာ အငယ်တန်း အလှမယ်ပြိုင်ပွဲ ကို ကျင်းပရာ ကာယအလှမယ် ၁၁ ဦးတို့က နောက်ခံတေးဂီတနှင့်အတူ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ ပြေပြစ်ချောမွေ့မှုကို ပြသကြသည်။

ထို့နောက် အကြီးတန်းကာယအလှမယ် ပြိုင်ပွဲကို ကျင်းပရာ ကာယအလှမယ် ၁၁ ဦးတို့က နောက်ခံတေးဂီတနှင့်အတူ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ ပြေပြစ်ချောမွေ့မှုကို ပြသကြသည်။ ယင်းနောက် ဗိုလ်လုပွဲတွင် အငယ်တန်း ကာယအလှမယ် ပထမဆုကို မနေရည်ဝင်းလဲ့ကလည်းကောင်း၊ ဒုတိယဆုကို မမြသက် ထူးကလည်းကောင်း၊ တတိယဆုကို မ၀ဿန်ဆည်းဆာကျော် က လည်းကောင်း ရရှိကြပြီး အကြီးတန်း ကာယအလှမယ် ဗိုလ်လုပွဲ၌ ပထမဆု မမေရီသက်ထားက လည်းကောင်း၊ ဒုတိယဆုကို မနန္ဒာဝင်းလတ်က လည်းကောင်း၊တတိယဆုကို မယမင်းအေးကလည်းကောင်း ရရှိကြသည်။

ဆက်လက်၍ Mr.Yangon University & Miss Yangon University ရွေးချယ်ပွဲတွင်ကာယဗလမောင် မောင်ဒီစိုင်းနောင်နှင့် မောင်ထန်ခန့်သွောင် တို့ကလည်းကောင်း၊ အငယ်တန်း ကာယအလှမယ် မနေရည်ဝင်းလဲ့နှင့် အကြီးတန်း အလှမယ် မမေရီသက်ထားတို့က လည်းကောင်း ရရှိကြသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီ မှ တာဝန်ရှိသူများက ဆုရရှိသူများနှင့် ပံ့ပိုးကူညီသူများအား ဂုဏ်ပြုလွှာနှင့်ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ
ရန်ကုန်တက္ကသိုလ် ၂၀၁၃-၂၀၁၄ ပညာ သင်နှစ် ကာယဗလမောင်၊ ကာယအလှမယ် ပြိုင် ပွဲနှင့် Mr.Yangon University & Miss Yangon University ရွေးချယ်ပွဲကို ဇန်န၀ါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ (RC)၌ ကျင်းပသည်။
ရှေးဦးစွာ အငယ်တန်း အလှမယ်ပြိုင်ပွဲ ကို ကျင်းပရာ ကာယအလှမယ် ၁၁ ဦးတို့က နောက်ခံတေးဂီတနှင့်အတူ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ ပြေပြစ်ချောမွေ့မှုကို ပြသကြသည်။

ထို့နောက် အကြီးတန်းကာယအလှမယ် ပြိုင်ပွဲကို ကျင်းပရာ ကာယအလှမယ် ၁၁ ဦးတို့က နောက်ခံတေးဂီတနှင့်အတူ ကိုယ် ခန္ဓာကြံ့ခိုင်မှု၊ ပြေပြစ်ချောမွေ့မှုကို ပြသကြသည်။ ယင်းနောက် ဗိုလ်လုပွဲတွင် အငယ်တန်း ကာယအလှမယ် ပထမဆုကို မနေရည်ဝင်းလဲ့ ကလည်းကောင်း၊ ဒုတိယဆုကို မမြသက် ထူးကလည်းကောင်း၊ တတိယဆုကို မ၀ဿန်ဆည်းဆာကျော် က လည်းကောင်း ရရှိကြပြီး အကြီးတန်း ကာယအလှမယ် ဗိုလ်လုပွဲ၌ ပထမဆု မမေရီသက်ထားက လည်းကောင်း၊ ဒုတိယဆုကို မနန္ဒာဝင်းလတ်က လည်းကောင်း၊တတိယဆုကို မယမင်းအေးကလည်းကောင်း ရရှိကြသည်။

ဆက်လက်၍ Mr.Yangon University & Miss Yangon University ရွေးချယ်ပွဲတွင်ကာယဗလမောင် မောင်ဒီစိုင်းနောင်နှင့် မောင်ထန်ခန့်သွောင် တို့ကလည်းကောင်း၊ အငယ်တန်း ကာယအလှမယ် မနေရည်ဝင်းလဲ့နှင့် အကြီးတန်း အလှမယ် မမေရီသက်ထား တို့က လည်းကောင်း ရရှိကြသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီ မှ တာဝန်ရှိသူများက ဆုရရှိသူများနှင့် ပံ့ပိုးကူညီသူ များအား ဂုဏ်ပြုလွှာနှင့်ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

0 comments:

Post a Comment