မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ဝမ်းတွင်းမြို့နယ် ဘုရားစုစံပြကျေးရွာသည် မြို့နှင့် (၆)မိုင်ခန့်ဝေး ကွား၍ လူနေအိမ်ခြေ (၁၆၀၀)ကျော်ရှိသော ကျေးရွာကြီးဖြစ်ပြီး လျှပ်စစ် မီးလင်းရေး လုပ်ငန်းကို ကိုယ့်အား ကိုယ်ကိုး စနစ်ဖြင့် ၉.၃.၂၀၁၂ ရက်နေ့က စတင်ဆောင်ရွက် ခဲ့ရာတွင် ယခုအခါ လမ်းမီးများ လင်းနေပြီ ဖြစ်သည်။
ထိုကဲသို့ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ရာတွင် ဝမ်းတွင်းမြို့မှ ဘုရားစုကျေးရွာသို့ (၆) မိုင်ခန့် လျှပ်စစ်မီးကြိုးများ သွယ်တန်းခဲ့ရသည့်အပြင် ကျေးရွာအတွင်း၌လည်း ၇၆၈၀ ပေရှိ ၄၀၀ ဗို့ ဓါတ်အားလိုင်း သွယ်တန်းပြီးဖြစ်သည်။ ကျေးရွာအတွင်း၌ (၃၁၅) ကေဗွီအေ လျှပ်စစ်မီးအိုးနှစ်လုံး တပ်ဆင်ထားပြီး စုစုပေါင်း တန်းဖိုးမှာ သိန်းပေါင်း (၁၅၀၀) ရှိကြောင်းသိရသည်။
ဘုရားစုကျေးရွာအနေဖြင့် ဈေးနှင့် စပါးစက်၊ ဆီစက်များရှိခြင်း ၊ သီကုန်းကျေးရွာ၊ နေပူကုန်းကျေးရွာ၊ ဆပ်ခင်းကျေးရွာတို့မှ ဝမ်းတွင်းမြို့သို့ သွားရာလမ်းပေါ်တွင် ရှိခြင်းတို့ကြောင်း ယခင်ကတည်းက စည်ကား မှုရှိကြောင်း၊ ယခုလည်း လျှပ်စစ်မီတာ အလုံးရေ ၃၀၀ ခန့် တပြိုင်တည်း တပ်ဆင်နိုင်ရေးကို ဆောင်ရွက်နေကြောင်း၊ လျှပ်စစ်မီတာများ တပ်ဆင်ပြီးပါက စက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန် စီစဉ်နေကြောင်း စက်မှုလုပ်ငန်းများ တိုးတက်လာပါက ကျေးလက်လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ဟု ကျေးရွာ လျှပ်စစ်မီးလင်းရေး ကော်မတီဥက္ကဌ ဦးဝင်းမြင့်ကပြောကြား ကြောင်းသိရသည်။
MOI Webportal Myanmar
0 comments:
Post a Comment