၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကိစ္စများကို နိုင်ငံတကာက စိတ်ဝင် တစားစောင့်ကြည့်လျက်ရှိပြီးမည်သို့ပြင်ဆင် ဆောင်ရွက်ကြမည်ကို မေးခွန်းများပေါ်ထွက် လျက် ရှိကြောင်း။
ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ များ၊ ပညာရှင် များနှင့် ပြည်သူများ ထံမှ လေ့လာသုံးသပ်အကြံပြုချက်များ ရရှိထားပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ လေ့လာသုံးသပ်ရာတွင် ရရှိထားသည့် တည်ငြိမ်အေးချမ်းမှုကို မထိခိုက်စေဘဲ ပိုမိုကောင်းမွန် စေရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ် ရေးအပါအဝင် ငြိမ်းချမ်းရေးဖော်ဆောင်မှုကိုမပျက်ပြားစေဘဲ ပိုမိုဖြစ်ထွန်း စေရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကိုမထိခိုက်စေဘဲ ပိုမိုတိုးတက်ဖြစ် ထွန်းစေရေး ဟူသော ဦးတည် ချက်သုံးရပ်ကို အခြေခံစဉ်းစားရန်လိုအပ် ပါကြောင်း။
၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းကျင့်သုံးခဲ့သည်မှာ မကြာသေး၍ ပြင်ဆင်ရန် မလိုဟု ဆုံးဖြတ်ပါက မှားယွင်းနိုင်ကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့်အရေးစံနှုန်း များ မပြည့်စုံသေးဟု ယူဆပြီး လောဘ တကြီးဖြင့် အလျင်စလိုပြင်ဆင်ရန် ဆုံးဖြတ်ပါကလည်း မှားယွင်းနိုင်ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသုံးသပ်ရာတွင် ဉာဏ်အမြော် အမြင်ရှိစွာဖြင့်လေ့လာ သုံးသပ်ပြီး ပြင်ဆင်သင့်သည်ကို ရဲရဲဝံ့ဝံ့ဆုံးဖြတ် ရမှာဖြစ်သကဲ့သို့ မပြင်သင့်သည်များကိုလည်း ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ ဆုံးဖြတ် ရမှာဖြစ်ပါကြောင်း။
ဒီမိုကရေစီစနစ်ကျင့်သုံးရာ၌ ကိုယ့်နိုင်ငံကိုယ့်သမိုင်းကြောင်းကို အခြေခံရမှာဖြစ်ပြီး အခြားနိုင်ငံများမှ ဒီမိုကရေစီစနစ်ကို ပုံတူကူးချ၍ မဖြစ်နိုင်ကြောင်း။
The Union Daily
0 comments:
Post a Comment