Wednesday, January 8, 2014

မြန်မာအလုပ်သမား ၆၅ ဦး မလေးရှားနိုင်ငံက ပြန်လည်ရောက်ရှိ

မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၆၅ ဦးဟာ အင်ဒိုနီးရှား အလုပ် သမားတွေက ရန်ပြုတာကြောင့် ရက်အတော်ကြာ ပုန်းအောင်းနေခဲ့ရပြီး ရန်ကုန်မြို့ကို ဒီနေ့ ပြန် လည်ရောက်ရှိလာပါတယ်။

မလေးရှားကနေ ပြန်လာကြတဲ့ အလုပ်သမားတွေကို အစိုးရက ပြန်ခေါ်ဆောင်ပေးတာဖြစ်ကြောင်း မြန်မာပြည် အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော် က RFA ကို ပြောပါတယ်။

“မြန်မာအစိုးရ အလုပ်သမားဝန်ကြီးဌာနက ချက်ချင်းလွှတ်တယ်လေ၊ ကျနော်တို့ အသင်းချုပ်က တာဝန်ရှိတဲ့သူတွေနဲ့ အလုပ်သမား သံအရာရှိတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာ”

ဘရူနိုင်းနိုင်ငံနယ်စပ်အနီး မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ ရှင်ယန်းသင်္ဘောကျင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ဈေးဝယ်ထွက်ချိန်မှာ အင်ဒိုနီးရှား အလုပ်သမားတွေရဲ့ ရန်ပြုခံခဲ့ကြရပြီး အဲဒီမြို့က ဂိုဒေါင်တစ်ခုမှာ ပုန်းအောင်းနေခဲ့ရတယ်လို့ ဆိုပါ တယ်။

အဲဒီ ပုန်းအောင်းနေတဲ့ မြန်မာအလုပ်သမား ၉၈ ယောက်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အရာရှိတွေနဲ့ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံက သံအရာရှိတွေ ပူးပေါင်းကူညီပြီး မြန်မာနိုင်ငံကို ပြန်လာနိုင်ရေး ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

မနက်ဖြန်မှာလဲ ကျန်ရှိနေတဲ့ အလုပ်သမားတွေထဲက ၂၁ ဦးပြန်လာမယ်လို့ သိရပါတယ်။

RFA

0 comments:

Post a Comment